မြင်း နဲ့ နွားမှာ ဘာတွေ တူကြသလဲ…?

//s9.kh1.co/77/77b0eabd1a10224870d82108db875f7b69f37bbe.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-ဇန်-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

မြင်း နဲ့ နွားမှာ ဘာတွေ တူကြသလဲ…?

မြင်းနှင့် နွားဟာ မျိုးစိတ်ကွဲပြားပေမယ့် တကယ်တော့ သူတို့နှစ်ကောင်မှာ ဆင်တူရိုးမှာ အချို့ရှိပါတယ်။ အဲ့တာ ဘာတွေလဲဆိုတာ သင်လဲ သတိထားတွေ့ဖူးတဲ့ အရာတွေပါ။ သူတို့ဟာ နို့တိုက် သတ္တဝါများဖြစ်ကြပြီး ခွာများလည်း ရှိကြသလို တစ်ကောင်ချင်းစီမှာ အံသွား ၁၂ ချောင်း ၊ အံကြို ၁၂ ချောင်း စုစုပေါင်း အံသွား ၂၄ ချောင်းစီ အချိုးအစားကျ ရှိကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

နွားရဲ့ သွားတွေကတော့ သူတို့ရဲ့ ပါးစပ်နောက်ဘက်မှာရှိပြီး မေးရိုးအပေါ်နှင့် အောက်မေးရိုးများကြား တစ်ဖက်ကို အညီအမျှ ခြောက်ချောင်းစီရှိပေမယ့် ရှေ့သွားများကတော့ မရှိကြပါဘူး။ ရှေးသွားများရဲ့ အပေါ်ဆုံးသွားများအစား အလွန်ကြမ်းတမ်းတဲ့ သွားဖုံးပဲရှိပါတယ်။

Photo Credit – From Google
Photo Credit – From Google

မြင်းသွားများကတော့ နွားများထက် သွားများ ပိုများပြီး ထူးဆန်းတာဟာ မြင်းများကြားမှာ အရေအတွက် ကွဲပြားတတ်ပါတယ်။ မြင်းများဟာ  အသက် ၅  နှစ်အရွယ်မှာ အနည်းဆုံး သွား ၃၆ ချောင်းရှိပေမယ့် သွား ၄၄  ချောင်းအထိ ပေါက်နိုင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

ပြီးတော့ နွားတွေလို ပါးစပ်ရဲ့ အနောက်ဘက် အပေါ်နှင့်အောက်မှာ အံသွား ၂၄ ချောင်း တစ်ဖက်စီရှိပါတယ်။ ဒါပေမယ့် နွားနဲ့မတူကတော့ မြင်းမှာ အပေါ်ဘက် ၆ ချောင်း နဲ့ အောက်ခြေ ၆ ချောင်း ရှိပါတယ်။ အချို့မြင်းများမှာတော့ အံသွားနှင့် အမြှေးများကြားမှာ ခွေးသွားလေးငါးချောင်းရှိပေမယ့် အထီးတွေထက် အမက ပိုအဖြစ်များပါတယ်။ မြင်းနှင့် နွားကို မွေးဖူးတဲ့ တွေဆိုရင်တော့ ဘာတွေကွာခြားလဲ ၊ ဘာတွေတူလဲဆိုတာ သိကြမှာပါ။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T