သဘာဝတောင်တန်းတွေမှာ ကမ္ဘာ့အကောင်းဆုံးတောင်တက်သမားအဖြစ် သတ်မှတ်ခံရတဲ့ တစ်ခုတည်းသော တိရစ္ဆာန်ကတော့ တောင်ဆိတ်တွေပဲ ဖြစ်ပါတယ်။ တောင်ဆိတ်တွေကို မတ်စောက်ပြီး ကျောက်ဆောင်ထူထပ်တဲ့ နေရာမျိုးတွေနှင့် အလွန်းမြင့်မားတဲ့ တောင်တန်းတွေမှာ မကြာခဏတွေ့ရပါတယ်။

သိပ္ပံအခေါ်အဝေါ်ကတော့ တောင်ဆိတ်တွေကို Oreamnos americanus လို့ ခေါ်ကြပါတယ်။ တကယ်တော့ တောင်ဆိတ်များဟာ ဆိတ်မျိုးနွယ်ဝင် မဟုတ်ပါဘူး ။ သူတို့က antelope နှင့်ပိုမိုဆက်စပ်ပြီး bovidae မျိုးနွယ်ဝင်တွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဆိတ်တွေလိုပဲ သူတို့ဟာ မြက်များ၊ ဆေးဖက်ဝင်အပင်များ၊ အကိုင်းအခက်များ၊ ဖရုံပင်များ၊ ရေညှိများကိုပဲ ရှာဖွေစားသောက်ကြတာ ဖြစ်ပါတယ်။ ခန့်မှန်းခြေ သူတို့ရဲ့ အလေးချိန်ကတော့ ပေါင် ၁၀၀ မှ ၃၀၀ အထိရှိမယ်လို့ ထင်ပါတယ်။ အထီးရောအမရော နှစ်ဦးစလုံးမှာ ၉ လက်မမှ ၁၂ လက်မအထိ ရှည်တဲ့ ဦးချိုများရှိကြပြီး အရပ်မှာ ၃.၅ ပေ နှင့် အရှည် ၅.၅ ပေခန့် ရှိကြပါတယ်။


သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်ကတော့ တစ်ကြိမ်မှာ ၁၂ ပေထိခုန်နိုင်ကြပါတယ်။ ဒါကတော့ သူတို့အတွက်တော့ အထင်ကြီးလေးစားစရာပါ။ မြောက်အမေရိကမှာ တောင်ဆိတ်ကောင်ရေ ၁၀၀,၀၀၀ ခန့်ရှိပြီး အထီးတွေကို ဘီလီလို့ခေါ်ကာ အမများကိုတော့ နန်နီလ် လို့ခေါ်ကြပါတယ်။

အမတွေကတော့ နွေဦးပေါက်တိုင်းမှာ သား တစ်ကောင် မှ နှစ်ကောင်အထိ ပေါက်ဖွားနိုင်ကြပါတယ်။ အမတွေက ကလေးငယ်တွေအများအပြားနဲ့ အုပ်ဖွဲ့နေထိုင်ကြပေမယ့် အထီးတွေကတော့ တစ်ကောင်ကနေ သုံးကောင်အထိလောက်သာ အုပ်စုဖွဲ့နေကြဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ တောင်ဆိတ်တွေရဲ့ သက်တမ်းက ၉ နှစ်မှ ၁၅ နှစ်အထိ အသက်ရှင်ကြတယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်៖ Source - visitbigsky