ကမ္ဘာပေါ်မှာ တူးဖော်ရရှိထားတဲ့ ရှေးအကျဆုံး ပစ္စည်းတွေထဲမှာ ဘူလ်ဂေးရီးယားနိုင်ငံ ကြေးခေတ်သင်္ချိုင်းမှာ တွေ့ရှိရတဲ့ ရွှေနှင့်ပြုလုပ်ထားတဲ့ ပုတီးစေ့သေးသေးလေးတွေနှင့် လက်ဝတ်ရတနာများကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သတင်းဆောင်းပါးများမှာ ဖော်ပြချတွေအရ လက်ဝတ်ရတနာများမှာ ပါတဲ့ သေးငယ်တဲ့ ရွှေပုတီးစေ့တွေဟာ အချင်း ၁/၈ လက်မ (၄ မီလီမီတာ) ရှိပြီး အလေးချိန်မှာ ၁၅ စင်တီမီတာ တယ်လို့ ဆိုပါတယ်။


ပုတီးစေ့လေးတွေကို ပြုလုပ်ထားတဲ့ လက်မှုပညာက အတော်လေးကို သေသပ်လှပပြီး ပညာရှင်များက ဒီလက်မှုပညာဟာ ကြေးနီခေတ်က လူသားများ ရွှေ ၊ ကြေးနီ နှင့် သတ္တုများဖြင့် စတင်ပြုခဲ့တဲ့ လက်ရာဖြစ်တယ်လို့ ယူဆခဲ့ပါတယ်။ ယခုခေတ်မှာတော့ ဒီလက်ရာက တွေ့ရဖို့ အရမ်းရှားသွားခဲ့ပါပြီ။


အခုတွေ့ရှိခဲ့တာ ပုတီးကတော့ ကျွန်တော်တို့ ယနေ့ခေတ်တွေ့ဖူးသမျှ ပုတီးတွေလို လုံးလုံးလေးတွေ မဟုတ်ပါဘူး။ သူက တစ်ခြမ်းပဲ ရှိတာပါ။ လက်ဝတ်ရတနာတွေကို တွေ့ရှိခဲ့တဲ့ ဘူလ်ဂေးရီးယားဟာ အရင်က ဥရောပရဲ့ ပထမဆုံး မြိုပြအခြေချနေထိုင်မှု ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀၀ ခန့်က ပင်လယ်နက်ရေကန်များ ကမ်းစပ်မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ မည်သို့ပင်စေကာမူ လက်မှုပညာရပ်တွေကို ကြည့်ခြင်းအားဖြင့် အရင်က အဲ့ဒီမြို့ဟာ ဘယ်လောက်ထိ ယဥ်ကျေးမှုစံနှုန်းများ မြင့်မားခဲ့သလဲဆိုတာ မှန်းဆလို့ ရပါတယ်။

သတင်း အရင်းအမြစ်៖ Source - pahilopahilonews





