ကျီးကန်းတွေက လူတွေကို ရန်ငြိုးထားတတ်တယ်ဆိုတာ သိပါသလား...?

//s9.kh1.co/4e/4e147399de7f20f1cacab74761a3e3bb0521733d.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကျီးကန်းတွေက လူတွေကို ရန်ငြိုးထားတတ်တယ်ဆိုတာ သိပါသလား...?

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ကျီးကန်းတွေဟာ ကျွန်တော်တို့ လူသားတွေရဲ့ မျက်နှာကို မှတ်မိနိုင်ပြီး အထူးသဖြင့် သူတို့ကို အန္တရာယ်ပြုဖို့လုပ်တဲ့ သူတွေဆိုရင် ပိုပြီးမှတ်မိကြတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက သူတို့ ကို ချစ်ကြတဲ့ သူတွေနှင့် မုန်းကြတဲ့ သူတွေကို ကောင်းရင်ကောင်းသလို ဆိုးရင်ဆိုးသလို ပြန်လည်တုံ့ပြန်ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=349,q=100/cb/cb99e029bdda2f32f32b6ee5957621e9f08f8e95.webp

ဒီစမ်းသပ်ချက်ကို ဝါရှင်တန်တက္ကသိုလ်မှ သတ္တဗေဒပညာရှင် John Marzluff ဦးဆောင်တဲ့ သုတေသနအဖွဲ့က ကျီးကန်း ၁၅ ကောင်းကို လှောင်အိမ်ထဲမှာ ပိတ်လှောင်ထားခဲ့ပြီးနောက် မတူတဲ့ နေရာ ၅ ‌နေရာမှာ ရောဘာမျက်နှာဖုံးမတူတာတွေတပ်ပြီး လွှတ်ပေးခဲ့ပါတယ်။အဲ့ဒီနောက် မျက်နှာဖုံးတွေကို ကျီးကန်းတွေ ဘယ်လို့ တုံ့ပြန်မလဲဆိုတာကို စမ်းသပ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/9a/9a279bd13907abda394736b8362633d13b087d2c.jpg

ပထမနှစ်အပတ်မှာ ရန်သူ့မျက်နှာဖုံးတွေတပ်ထားတဲ့ ပညာရှင်တွေ ကြုံတွေ့ခဲ့ရတာက ကျီးကန်းတွေရဲ့ တုံ့ပြန်တဲ့ ၂၆ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ အတောင်ပံတွေကို ထပ်ခါတလဲလဲ တဖြန်းဖြန်းရိုက်ခတ်ပြီး ကြမ်းကြမ်းတမ်းတမ်း ဆူပူကြိမ်းမောင်းခဲ့ကြပါတယ်။ တစ်ခါတစ်ရံမှာ ကျီးကန်းတွေက အုပ်စုလိုက် ငုပ်လျှိုးပြီး ထိုးဆိတ်ဟန်ပြုခဲ့ကြပါတယ်။နောက်တစ်နေ့မှာ မတူတဲ့ အခြားမျက်နှာဖုံးများကို တပ်ဆင်လိုက်တဲ့ အခါမှာ ကျီးကန်းတွေက ပုံမှန်အတိုင်း ဘာမှမတုံ့ပြန်ဘဲ ကြည့်ပဲကြည့်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=300,h=229,q=100/c5/c54dbd4917aa8827e2d1070595bd61b5e7ff78fb.webp

အဲ့လို စမ်းသပ်ခဲ့ပြီး ၃ နှစ်ကျော်လောက်မှာ ကျီးကန်းတွေရဲ့ ရန်ငြိုးထားခြင်းခံရတဲ့ လူတွေက ၆၆ ရာခိုင်နှုန်းလောက်ရှိခဲ့ပါတယ်။ကျီးကန်းတွေက ဉာဏ်ရည်ထက်မြတ်တဲ့ တိရစ္ဆာန်တွေထဲမှာလည်း ပါဝင်ပြီး သူတို့ရဲ့ မျက်လုံးက အရမ်းကို လျင်ပါတယ်။ သူတို့ရဲ့ သားကောင်ပဲ ဖြစ်ဖြစ် ရန်သူပဲဖြစ်ဖြစ် အဝေးကနေ ကောင်းစွာမြင်ရနိုင်စွမ်းရှိကြပါတယ်။ ပြီးတော့ တစ်ကောင်တည်းထက် အုပ်စုဖွဲ့ နေရတာကို ကြိုက်နှစ်သက်ကြပါတယ်။

https://s9.kh1.co/__image/w=600,h=360,q=100/31/3109336d3b8356550188c2fcc745470661acc53f.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T