ဆောင်းရာသီမှာ တခြားမြွေတွေနဲ့အတူ ဆောင်းခိုရတာကို ကြိုက်နှစ်သက်ကြတဲ့ ဂါတာမြွေများ

//s9.kh1.co/66/669a5b8605b418171dec9c6ae9ee4ff49789d95e.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

မြွေတွေဟာ လူတစ်ယောက်အရပ်ထိ ရှည်နိုင်ပါတယ်.....

ကမ္ဘာပေါ်မှာ မြွေအမျိုးအစားများစွာရှိပါတယ်။ ပြီးတော့မြွေတွေဟာ အဆိပ်ရှိပြီး အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် Garter (ဂါတာ) မြွေတွေကတော့ အန္တရာယ်မရှိပါဘူး။ အန္တရာယ်မရှိဘူးဆိုပြီးတော့လည်း အထင်မသေးလိုက်ပါနဲ့။ သူတို့ထဲက အနည်းငယ်မှာ အပျော့စား အဆိပ်ပါရှိပါတယ်။

https://s9.kh1.co/__image/w=650,h=522,q=100/3e/3eda1f735e0af7fae0f40d64c69f23a11b0c967a.jpg
https://s9.kh1.co/__image/w=650,h=433,q=100/45/45f2e1c4dd4265ebfabb454e24cd8e5a967f0850.jpg

အဆိပ်ပါရှိပေမယ့်လို့ လူတော်တော်များများကတော့ ဒီမြွေတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထားကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အဆိပ်ကပျော့တဲ့အပြင် အကောင်ဟာ သေးသေးလေးနဲ့ ချစ်စရာကောင်းလို့ပါ။ Garter မြွေတွေဟာ အရှည် လက်မသုံးဆယ်နီးပါးရှိကြပြီး အရှည်ငါးပေအထိ ကြီးထွားနိုင်ကြပါတယ်။

https://s9.kh1.co/__image/w=580,h=436,q=100/de/dea551ac88559834d54cebb942e7237045c09e08.jpg
https://s9.kh1.co/__image/w=650,h=366,q=100/68/68eb849d74688a88051f7cae08f2fdb8a76567eb.jpg

သူတို့ကို အရောင်အမျိုးမျိုးနဲ့ တွေ့ရလေ့ရှိ‌ပေမယ့်လည်း သူတို့ရဲ့အရှေ့ဘက်ခြမ်းမှာ အဝါရောင်နဲ့ အစိမ်းရင့်ရောင်မျဉ်းတွေ ရှိနိုင်ပါတယ်။ ဒီမြွေတွေဟာ ဆောင်းရာသီမှာ ဆောင်းခိုဖို့အတွက် မြက်ခင်းလို စိမ်းလန်းတဲ့နေရာမှာ သူတို့ရဲ့တွင်းကိုဆောက်ဖို့ နှစ်သက်ကြပါတယ်။ သူတို့ဟာ ပြီးပြည့်စုံတဲ့တွင်းကို ရှာဖို့ကို မိုင်ပေါင်းများစွာထိတောင် ခရီးနှင်နိုင်ကြပါတယ်တဲ့။ သူတို့ရဲ့နောက်ထပ်ထူးခြားချက်ကတော့ တခြားမြွေတွေနဲ့အတူ ဆောင်းခိုရတာကို ကြိုက်နှစ်သက်ကြပြီး များလေကောင်းလေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/64/64c0f3888068060c357ac32e4ef0b55838f0eafc.jpg

သတင်း အရင်းအမြစ် Animals around the globe

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T