ရေ မှာမှတ်ညဏ်ရှိတယ်ဆိုတာ တကယ်လား...

//s9.kh1.co/61/610ef55facfffe075302468188dd2553ec1ddad4.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ရေမှာ မှတ်ညဏ်ရှိတယ်ဆိုတာ တကယ်လား...

ကျနော်တိုတစ်တွေဟာနေ့စဉ် ပျှမ်းမျှရေလေးလီတာလောက် သောက်‌သုံးနေကြပြီး ရေချိုးတာ၊ လက်ဆေးတာအဆုံး ရေနဲ့ထိတွေ့နေကြပါတယ်။ ဒါပေမယ့် ကျနော်တို‌နေ့စဥ်ထိတွေ့နေရတဲ့ ရေရဲ့ထူးခြားချက်ကိုတော့သိပ်ပြီး သိကြပုံမရပါဘူး။

https://s9.kh1.co/__image/w=650,h=488,q=100/d2/d24bea9b5317db9ac1cc745d486bdf0e76b40dec.jpg

လေ့လာတွေ့ရှိချက်အချိုအရ ရေတွေမှာမှတ်ညဏ်ရှိကြပါတယ်။ ဒါကို Water Memory လိုခေါ်ကြပြီး Homeopathic လိုခေါ်တဲ့ကုထုံးနည်းတွေကနေစပြီး ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ယနေ့မှာတော့ဒါကို ယနေ့သိပ္ပံပညာအသိုင်းအဝိုင်းမှာ Physical Chemistry လိုလက်ခံထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=652,q=100/c0/c07ff1fd0367b03324a835a472f5e07213a5c516.jpg

အဆိုပါအယူအဆကို ၁၉၈၈ ခုနှစ်မှာ Jacques Benveniste ကစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ဂျာမန်သိပ္ပံပညာရှင်တွေက‌တော့ယုံကြည်ကြပြီး ဓာတ်ခွဲခန်းထဲမှာ ရေစက်တွေကိုချဲ့ကြည့်တဲ့အခါ တစ်ခုချင်းစီမှာ microscopic တည်ဆောက်ပုံတွေကိုတွေ့ရတယ်လို ဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/6f/6fb71f3d720a6bf1e3c024b0c1fa85163517eb22.jpg

နောက်ပြီးအဲ့ဒီဂျာမန်သိပ္ပံပညာရှင်တွေပြောတာက ရေဟာသူစီးဆင်းတဲ့လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့သတင်းအချက်အလက်တွေကို စုစည်းသိမ်းဆည်းထားတတ်ပြီး အဲ့ဒီရေကိုသောက်လိုက်တဲ့ လူအချင်းချင်းဆက်သွယ်ပေးနိုင်တယ် လိုယုံကြည်ကြပါတယ်။အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းအပါအဝင်နိုင်ငံတွေမှာ ရေကိုဘာသာရေးအရအရေးကြီးတဲ့ အရာတစ်ခုအဖြစ်သုံးကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/d6/d6b10729241d28f93d9f2642f9ae6eb6f6f76283.jpg

မြန်မာမှာဆို ပဌာန်း၊ ပရိတ်စတဲ့ ဗုဒ္ဓဘာသာအယူအဝါဒအရ အန္တရာယ်ကင်းစေတဲ့ဂါထာတွေ ရွတ်ဖတ်တဲ့အခါ ရေတွေကိုရှေ့မှာချပြီးရွတ်တတ်ကြပါတယ်။ဒါပေမယ့် ရေမှာမှတ်ညဏ် ရှိ၊မရှိဆိုတာကတော့ အခုအချိန်ထိ အငြင်းပွားစရာကိစ္စဖြစ်နေပြီး တိကျတဲ့သိပ္ပံဆိုင်ရာသက်သေတွေမရှိသေးပါဘူး။ ဒါ့ကြောင့်ပဲဒါကို ယုံကြည်တဲ့သူတွေရော မယုံကြည်တဲ့သူတွေရော အများကြီးရှိနေဆဲဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T