ပိန်တဲ့လူ 10 ယောက်မှာ 9 ယောက်က ဒီအချက်တွေကြောင့်ဖြစ်ပါတယ်

//s9.kh1.co/e9/e98244654ccd6ab45acae9ebad41534eaea536ec.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-ဒီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ပိန်တဲ့လူ 10 ယောက်မှာ 9 ယောက်က ဒီအချက်တွေကြောင့်ဖြစ်ပါတယ်

ဝတာ ပိန်တာဟာ ကျနော်တို့ရဲ့ ကျန်းမာရေးကို တိုက်ရိုက် ဖော်ပြနေတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတခုဖြစ်ပါတယ်။ ကျနော်တို့ထဲက အများစုဟာ ဝ တာကိုတော့ မကောင်းဘူးလို့မြင်ကြပြီး ပိန်ဖို့ ကိုပဲအာရုံစိုက်နေကြပါတယ်။ ကျနော်တို့အားလုံးမှာ သူ့အသက်အရွယ်နဲ့ အရပ်အမောင်းအလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန် (BMI) ဆိုတာရှိပါတယ်။

https://s9.kh1.co/__image/w=650,h=431,q=100/81/81c86e3d55a08295a53da2ebe93b22bebf14a3f6.webp

အဲ့ဒိ BMI အတိုင်းရှိတဲ့လူတွေလဲရှိပေမယ့်၊ BMI ထက်များတဲ့ နည်းတဲ့ လူတွေလည်း ရှိကြပါတယ်။ အနည်းငယ် များတာ နဲတာကကိစ္စမရှိပေမယ့် BMI နဲ့အများကြီးကွာနေပြီဆိုရင်တော့ ကျန်းမာရေး ဂရုစိုက်သင့်ပါပြီ။ ဒီတခါမှာတော့ ပိန်တာကိုမှ ရိုးရိုးမပိန်ဘဲ ဝါးခြမ်းပြားလိုမျိုး အလွန်အကျွံ ပိန်တဲ့လူတွေရဲ့ ကျန်းမာရေးအခြေအနေ‌ အကြောင်း ပြောပြပေးချင်ပါတယ်။

ပိန်တယ်လို့ပြောလိုက်ရင် လူကြီး၊လူငယ် တော်တော်များများ သဘောကျကျမှာပါ။ ပိန်ခြင်းဟာ အမျိူးသမီးတွေရော အမျိုးသားတွေပါ လိုလားတောင့်တတဲ့ အရာဖြစ်ပေမယ့် အလွန်အကျွံပိန်ရင်တော့ မကောင်းပါဘူး။ ပိန်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ ရောဂါတွေအများအပြား ၀င်လာနိုင်ပါတယ်။ ဆိုတော့ ပိန်တဲ့လူတွေအတွက် ဘာကြောင့်ပိန်လဲပြောပြ ပေးချင်ပါတယ်။ ပိန်တာဟာအကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=590,q=100/2d/2de1360a8605a090a925b56bd916bad5cd02d1f9.jpg

အချို့တွေက မျိူရိုးမှာကိုက ပိန်တဲ့လူတွေရှိပါတယ်၊ ကိုယ့်အဖေ၊အမေ တွေကလည်း ပိန်ပြီး အစားနည်းသူတွေဖြစ်မယ်၊ ကိုယ်ကိုယ်တိုင်လည်း အစားစားချင်စိတ်သိပ်မရှိဘူး ဆိုရင်တော့ ဒါဟာ မျိုးရိုးကြောင့်ပိန်တာ ဖြစ်ပါလိမ့်မယ်။ နောက်တခုကတော့ အာဟာရစုံလင်စွာ မစားတာကြောင့်ဖြစ်ပါတယ်။ အချို့က စားသလောက်မ၀တာ ဆိုတဲ့လူတွေကြားဖူးမှာပါ၊ အစားအသောက်မျိုးစုံစားပြီး အစားသောင်းကျန်းပေမယ့် ၀တော့မလာကြပါဘူး။အဲ့တာကဘာကြောင့်လဲဆိုတော့ အာဟာရစုံလင်‌တဲ့ အစားအသောက်တွေ မစားတာနဲ့၊ စားသောက်တဲ့ပုံစံ မမှန်တာကြောင့်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=612,h=408,q=100/18/18875996f91fb693e4bda4135aed4a6a9abe484a.jpg

နောက်တမျိုးကတော့ နာတာရှည် ရောဂါရှိပြီး ဆေးပြင်းတွေသောက်နေရလို့ပဲဖြစ်ပါတယ်။ ဆီးချို၊ နှလုံး၊ ကင်ဆာနဲ့ တီဘီရောဂါ တို့လိုရောဂါရှိနေရင်တော့ ဘယ်လိုလုပ်လုပ်၀လာမှာမဟုတ်ပါဘူး။ တီဘီရောဂါရှိသူဆိုရင် သောက်ရတဲ့ဆေးတွေက ပြင်းလွန်းတာကြောင့် အလွန်အမင်း ပိန်သွားလေ့ရှိပါတယ်။ ဆီးချိုဆိုရင်လည်း ကယ်လိုရီများတဲ့ အစားအသောက်တွေ ရှောင်ရလို့ အလေးချိန်ကျလေ့ရှိပြီး၊ ကင်ဆာရောဂါသည်တွေအနေနဲ့ သူတို့ရဲ့ ကင်ဆာကုထုံးတွေကြောင့် ပိန်သွားလေ့ရှိပါတယ်။ နောက်ဆုံးတခုကတော့ စိတ်ကျန်းမာရေးကြောင့်ဖြစ်ပါတယ်။ဘယ်လောက်ပဲ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး တွေကောင်းနေပါစေ စိတ်ကျန်းမာရေးမကောင်းရင် သိသာပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/b8/b81b3c75ab284574bb229af1518af3ac78e4d1ed.jpg

ပိန်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ကိုယ်ခံအားကို လျော့ကျစေကာ ရောဂါကူးစက်မှုတွေ ပိုဖြစ်စေနိုင်ပါတယ်။ ပိန်ချင်းဟာ အခြားသောရောဂါ အမြောက်အမြားနဲ့လဲ စပ်ဆက်လျက်ရှိတာကြောင့် ကိုယ်ကပိန်လွန်းနေတယ်ဆိုရင် ရှိသင့်တဲ့အလေးချိန် ပြန်ရအောင်ကြိုးစားသင့်ပါတယ်။အာဟာရစုံလင်တဲ့ အစားအသောက်တွေ၊ ကယ်လိုရီနဲ့ ပရိုတင်းများများပါတဲ့ အစား‌အသောက်တွေကို အာဟာရအုပ်စု သုံးစုကနေစုံလွင်စွာစားသုံးတာ၊ ဝိတ်တက်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်တာနဲ့ စားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ ဆေးတွေမှီဝဲတာကနေပြီးတော့ ဝိတ်တက်အောင်လုပ်နိုင်ပါတယ်။ ဝ လွန်းတာဟာ မကောင်းတာမှန်ပေမယ့် ပိန်လွန်းရင်လည်း ကျန်းမာ‌ရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ရှိသင့်တဲ့ အလေးချိန်မှာရှိနေအောင်နေပြီး ကျန်းမာရေးကိုဂရုစိုက် သင့်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T