တခြားဘယ်ပုတ်သင်ညိုနဲ့မှ မတူဘဲ တစ်မျိုးတည်းသာရှိကြတဲ့ ပါးဟပ်နဲ့ ပုတ်သင်ညို

//s9.kh1.co/38/38bb93717412a2803084ec97169695a9d21b21b7.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဒီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

သူတို့ရဲ့ ဒီပါးဟပ်တွေကြောင့်ပဲ လူသိများပြီး......

Frilled Lizard ဆိုတဲ့ ပုတ်သင်ညိုတွေကို "ပါးဟပ်နဲ့ ပုတ်သင်ညို"၊ "frilled dragons" နဲ့ "frizzy-necked agamas" (Chlamydosaurus kingii) လို့အမျိုးမျိုး ခေါ်ကြပါတယ်။ သြစတြေးလျနှင့် နယူးဂီနီတို့မှာပဲ ဒီမျိုးစိတ်ဟာနေထိုင်ကြတာပါ။ Chlamydosaurus တွေဖြစ်တဲ့ ဒီမျိုးနွယ်ဟာ မျိုးစိတ်တစ်ခုပဲရှိတဲ့ မျိုးနွယ်တွေဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ဝိုက်မှာ ခေါက်ထားပြီး ပုတ်သင်ညိုရဲ့လည်ပင်းတစ်ဝိုက်မှာရှိတဲ့ ပါးဟပ်ကြီး‌တွေကြောင့် သူတို့နာမည်ကိုရရှိထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=377,q=100/5f/5f76fa345692170a4a594bf5096d76007e6f91fc.jpg
https://s9.kh1.co/__image/w=570,h=380,q=100/ef/effbbe8ce67be0d806a9e5dc334cc4359179b836.jpg

သစ်ပင်ပေါ်မှာနေထိုင်သူဖြစ်တာကြောင့် သူတို့ရဲ့ အချိန်အများစုကို သစ်ပင်တွေမှာပဲ ကုန်ဆုံးကြပါတယ်။ သူတို့ရဲ့အဓိကအစားအစာအများစုမှာ အင်းဆက်ပိုးမွှားတွေနဲ့ ယင်ကောင်လို သေးငယ်တဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။ အပင်တွေကိုလည်းစားသုံးကြတယ်ဆိုပေမယ့်လည်း ဒါဟာဖြစ်တောင့်ဖြစ်ခဲ ရှားပါးပါတယ်။ အညိုရင့်ရောင် သို့မဟုတ် မီးခိုးရင့်ရောင်တွေကို အသုံးပြုခြင်းဖြင့် သစ်ပင်အခေါက်နဲ့ဆင်တူတဲ့ အသွင်ကိုရရှိစေပြီး ပုန်းကွယ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/88/88bf4d342e97efc167b38db380f32c9bac8d237d.jpg
https://s9.kh1.co/__image/w=650,h=372,q=100/5b/5b98167a8c6b1487b19ab9de8be66f07bea8211f.webp

အရောင်ဟာ ပုတ်သင်ညိုရဲ့ ပတ်၀န်းကျင်ပေါ်မူတည်ပြီး ကွဲပြားတာကြောင့် အတိအကျအရောင်တော့ မရှိနေပါဘူး။ ခြောက်သွေ့ပြီး ရွံ့စေးတွေနဲ့ ပြည့်နေတဲ့ နေရာမှာနေထိုင်တဲ့ ပုတ်သင်ညိုတွေဟာ လိမ္မော်ရောင်၊ အနီရောင်နဲ့ အညိုရောင်မျိုးစုံရှိကြပေမယ့်လည်း စိုစွတ်တဲ့ဒေသမှာ နေထိုင်သူတွေကတော့ အညိုရင့်ရောင်၊ မီးခိုးရောင်နဲ့ အစိမ်းရောင်အချို့ကို ပြသနိုင်စွမ်း ရှိပါတယ်။ ပတ်၀န်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ သူတို့ရဲ့အရောင်‌ကြောင့် ဖုံးကွယ်နိုင်စွမ်း ရှိကြပါတယ်။ ဒီတွားသွားသတ္တဝါတွေရဲ့ ဦးခေါင်းနဲ့ လည်ပင်းကိုဖုံးအုပ်ထားတဲ့ အရေခွံဟာ သူတို့ရဲ့ အထူးခြားဆုံး အင်္ဂါရပ်တစ်ခုပါပဲ။

https://s9.kh1.co/__image/w=600,h=400,q=100/35/351d97e416463ad4245207654e8efdb85b7f9d77.jpg

သတင်း အရင်းအမြစ် Animals around the globe

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T