Dragonflies လို့ခေါ်တဲ့ ပုစဉ်းများဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၀၀ ဝန်းကျင်က ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ အခြေချနေထိုင်တံ ပထမဆုံး အင်းဆက်များထဲမှ တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ ယင်ကောင်များ နှင့် ခြင်များကိုဖမ်းဖို့ ကြိုးစားတဲ့အခါမှာ အသုံးဝင်သည့် နောက်ပြန်ပျံသန်းနိုင်တဲ့ စွမ်းရည်ကိုရှိကြတာကြောင့် အထူးနာမည်ကျော်ကြားတဲ့ သူတွေပါ။ သားကောင်တွေကို အမဲလိုက်ကြတဲ့ အခါမှာလည်း အောင်မြင်မှုနှုန်း ၉၇ ရာခိုင်နှုန်းအထိ ရှိပါတယ်။


ဒါတင်မကသေးပါဘူး သူတို့ဟာ အချစ်ကိုလည်း ပုံစံအမျိုးမျိုးနဲ့ ပုံဖော်တက်ကြတဲ့ သူတွေပါ။ ဘယ်အချိန်မှာ တွေ့ရတက်လဲဆိုရင် မိတ်လိုက်တဲ့ အခါမှာ တစ်ကောင်နှင့် တစ်ကောင် သူတို့ရဲ့ အမြီးများကို နှလုံးပုံသဏ္ဍာန် ပုံဖော်ကြတာ ဖြစ်ပါတယ်။


ဒီလိုမိတ်လိုက်တဲ့ ပုံစံတွေကို ကျွန်တော်တို့ တောနယ်ဘက်တွေမှာ နေထိုင်တဲ့ သူတွေဆိုရင် မကြာခဏ တွေ့ဖူးကြပါတယ်။ ဒါဟာ ခန္ဓာဗေဒဆိုင်ရာ အနှောက်အယှက်တစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ အသဲပုံစံပုံဖော်ထားတာကတော့ တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။


သတင်း အရင်းအမြစ်៖ Source - treehugger





