ကမ္ဘာပေါ်မှာ အသံအကျယ်ဆုံးဆုကို ပိုင်ဆိုင်ထားတဲ့ ဟောင်လာ မျောက်များ

//s9.kh1.co/f0/f0f9673cb3c337499f482c9ef0e09cf17962afa3.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဒီ-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာပေါ်မှာ အသံအကျယ်ဆုံးဆုကို ပိုင်ဆိုင်ထားတဲ့ ဟောင်လာ မျောက်များ

ကျွန်တော်တို့ ကမ္ဘာပေါ်မှာ မျောက်မျိုးစိတ် များစွာရှိကြပေမယ့် အထူးခြားဆုံး စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ မျောက်ကတော့ ဟောင်လာလို့ခေါ်တဲ့ မျောက်မျိုးစိတ်ပါ။ သူက ကမ္ဘာပေါ်မှာတော့ အသံအကျယ်ဆုံးဆုကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဘယ်လောက်ထိတောင် အသံကျယ်လည်း ဆိုရင် သူတို့ရဲ့ အသံကို ၃ မိုင် အကွာကနေတောင် ကြားနိုင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒီလိုအော်သံကို ဘယ်အချိန်မှာ အသုံးပြုကြလဲဆိုရင် သူတို့နယ်မြေက ဘယ်နေရာမှာရှိတယ်ဆိုတာ တခြားသူတွေကို အသိပေးပြီး ခပ်ဝေးဝေးမှာနေဖို့ သတိပေးတာ ဖြစ်ပါတယ်။ မသိရင်တော့ သူတို့ရဲ့ အော်သံက ကျယ်လောင်တဲ့ ကြက်ညှာဟောင်သံနဲ့ အရမ်းတူပါတယ်။ အများသောအားဖြင့် ဟောင်လာမျောက်အော်သံတွေကို မနက်ပိုင်းနဲ့ တစ်နေ့တာရဲ့ နောက်ဆုံး နေဝင်ချိန်တွေမှာ ကြားရကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဟောင်လာ မျောက်မျိုးစိတ်က အနည်းဆုံး ၁၄ မျိုးလောက်ရှိပြီး အဲ့ဒီထဲမှာ တောင်အမေရိကရှိ  ဗင်နီဇွဲလားအနီရောင်ဟောင်ဝါက အကြီးဆုံး ဖြစ်ပါတယ်။ အခြားမျောက်တွေက သွက်သွက်လပ်လပ် သွားလာလှုပ်ရှားနိုင်ကြပေမယ့် ဟောင်လာ မျောက်တွေကတော့ နှေးကွေးစွာ သွားလာကြပါတယ်။ ပြီးတော့ သူတို့ဟာ တစ်နေ့မှာ ၈၀ ရာခိုင်နှုန်းလောက်က အနားယူကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - dkfindout

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T