Pheasants ငှက်မျိုးစိတ်ကတော့ အမေရိကန်လူမျိုးတွေတောင် ကံကောင်းခြင်း သင်္ကေတအဖြစ် သတ်မှတ်ကြပါတယ်။ ကမ္ဘာပေါ်မှာတော့ သူ့ရဲ့ မျိုးစိတ်ပေါင်းက ၃၀ ကျော်လောက်ရှိပါတယ်။ အရင်က Pheasants များဟာ အာရှမှာ မွေးဖွားကြပေမယ့် ယနေ့ခေတ်မှာတော့ မတူညီတဲ့ နေရာများမှာ တွေ့ရပါတယ်။ မသိတဲ့ သူတွေဆိုရင်တော့ တောကြက်လိုလို ၊ ငုံးကောင်လိုလိုနဲ့ ထင်ကောင်းထင်ကြမှာပါ။


ပုံပန်းသဏ္ဍာန်အရ ကြည့်မယ်ဆိုရင် အထီးနှင့် အမ နဲ့တောင် တစ်ကောင်နဲ့ တစ်ကောင် မတူကြပါဘူး။ ဒါပေမယ့် အထီးနှင့် အမကိုတော့ သိသိသာသာ ခွဲခြားလို့ ရပါတယ်။ အထီးများဟာ ပုံမှန်အားဖြင့် အစိမ်း၊ ရွှေ၊ အညို၊ အဖြူနှင့် ခရမ်းရောင် အမွေးများဖြင့် တောက်ပြောင်ပြီး အမများဟာ များသောအားဖြင့် အညိုရောင်ရှိကြပါတယ်။ ပြီးတော့ အထီးများဟာ အမျိုးသမီးများထက် အမြီးပိုရှည်ပြီး သူတို့မှာ အနီရောင် အမောက်သေးသေးလေးများရှိတတ်ကြပါတယ်။


သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်များကတော့ အမဲလိုက်ရာမှာ တော်လွန်းတဲ့ သူတွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အမြင်အာရုံ နှင့် အကြားအာရုံဟာ ကောင်းမွန်တာကြောင့် သားကောင်တွေကို အလွယ်တကူ ထောက်လှမ်းနိုင်ကြလို့ပါ။ သားကောင်တွေတွေ့ရင်လည်း တစ်နာရီလျှင် ၈ မိုင်မှ ၁၀ မိုင်ကြားထိ ပျံသန်းနိုင်တာကြောင့် သူတို့လက်ထဲက လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။


ဒါတင်မကသေးပါဘူး သူတို့ဟာ ရေထဲမှာလည်း ကူးခတ်သွားလာနိုင်သူတွေပဲ ဖြစ်ပါတယ်။ ငှက်အများစုဟာ ဆောင်းရာသီများမှာ တစ်နေရာနဲ့ တစ်နေရာ ပြောင်းရွှေ့နေထိုင်ကြပေမယ့် ဒီငှက်တွေကတော့ အေးသောရာသီဥတုကို ရှောင်ပြီး ဆောင်းရာသီအများစုကို အသိုက်ထဲမှာပဲ ကုန်ဆုံကြတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တစ်ကြိမ်အစာစားပြီးတာနဲ့ ရက်ပေါင်းစွာ အစာမစားဘဲ နေနိုင်လို့ပါ။

သတင်း အရင်းအမြစ်៖ Source - easyscienceforkids