ကျယ်လောင်တဲ့ ဖောက်ကွဲမှုမျိုးနဲ့ နဂါးလို မီးမှုတ်နိုင်ကြတဲ့ ပိုးကောင်များ

//s9.kh1.co/36/36a42266f1a552c1d57fb466e6bd612451ec766e.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ဒီ-၂၀၂၂ ၈am · လွန်ခဲ့သော ၃ နှစ် က

ကျယ်လောင်တဲ့ ဖောက်ကွဲမှုမျိုးနဲ့ နဂါးလို မီးမှုတ်နိုင်ကြတဲ့ ပိုးကောင်များ

ခုဖော်ပြနယ့် ပိုးကောင်ရဲ့ နာမည်ကတော့ Bombardier Beetle ြဖစ်ပါတယ်။ သူတို့ဟာ ဩစတေးလျမှာ မျိုးစိတ်ပေါင်း 2500 ခန့်ရှိပြီး မြေပိုးစားမျိုးစိတ် (Carabidae) ကနေဆင်းသက်လာတာဖြစ်ပါတယ်။ Bombardier Beetle ဟာ အနှောက်အယှက်မရှိတဲ့ မြစ်ကမ်းပါးများနှင့် ရေလွှမ်းလွင်ပြင်များမှာ နေထိုင်ပါတယ်။ သူတို့ကို ဩစတေးလျ အရှေ့ပိုင်းမှာ တွေ့ရှိရပါတယ်။

https://s9.kh1.co/__image/w=600,h=300,q=100/da/da568f9b1d2bda8f7110ceef92ad7532eba4766f.jpg

Bombardier Beetles အများစုဟာ အသားစားကြပြီး မြေပြင် သို့မဟုတ် သစ်ပင်များမှာ အမဲလိုက်ကြပါတယ်။ သားလောင်းဟာ အခြားအင်းဆက်များကို စားသုံးကြပါတယ်။ သူ့ကို Bombardier ပိုးကောင်လို့ နာမည်ပေးထားရတာ အကြောင်းမဲ့တော့မဟုတ်ပါဘူး။ သူကဗုံးတစ်လုံးလို ပေါက်ကွဲနိုင်စွမ်းရှိပါတယ်။

https://s9.kh1.co/__image/w=650,h=279,q=100/e2/e2c250ee3e4a79dd2564b23317e7793dc25fbc95.jpg

သူကိုယ်တိုင်တော့ မသေပါဘူး။ခြိမ်းခြောက်ခံရတဲ့အခါမှာ Bombardier Beetle ဟာ ဓာတုပစ္စည်းနှစ်ခုကို ရောနှောဖို့ သူ့ရဲ့နောက်ဘက်ရှိ အထူးဂလင်းတစ်ခုကို အသုံးပြုကာ ကျယ်လောင်တဲ့ ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲထွက်လာပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/bf/bfd9fdcdf42a6856e93f1d22ea4293dba1a3ea78.jpg

ဆူညံသံတစ်ခုတည်းဟာ များသောအားဖြင့် သူတို့ကို အမဲလိုက်တဲ့အကောင်ကို လန့်စေဖို့လုံလောက်ပြီး ထင်ထားသလို မလန့်ဘူးဆိုရင်တော့ ပိုးကောင်ရဲ့ဖင်ကနေ ဓာတုပစ္စည်းများပါလာတဲ့ ရေနွေးငွေ့နှင့် ရေမွှားများထွက်လာမှာဖြစ်တဲ့ လှည့်ကွက်တစ်ခုတော့ ရှိပါသေးတယ်။ဒီလို ပတ်ထုတ်လိုက်တာဟာ နဂါးမီးမှုတ်တာနဲ့ နည်းနည်းတော့ ဆင်ပါတယ်။ မီးမထွက်တာက လွဲလို့ပေါ့။

https://s9.kh1.co/__image/w=512,h=366,q=100/ac/ac53de8e54cf8cb49a2b9290374f12f1f815ab72.jpg

ပိုးကောင်ဟာ အထူးပြုအားဖြည့် ပေါက်ကွဲခန်းတစ်ခုအဖြစ် လုပ်ဆောင်တဲ့ ဂလင်းအတွင်း 100°C ထက်ပိုတဲ့ အပူချိန်ကို ထုတ်ပေးနိုင်ပြီး လေးမိနစ်အတွင်း ပေါက်ကွဲမှု 80 ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T