မိကျောင်းတွေနဲ့ အမျိုးမတော်တဲ့ မိကျောင်းငါးများအကြောင်း

//s9.kh1.co/7b/7bd4cbf951f7c7b677279a2c1909018428bafc39.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဒီ-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

သမိုင်းမတိုင်ခင်ကတော့ သူတို့ဟာ ကမ္ဘာအနှံ့နေထိုင်ကြပြီး........

မိကျောင်းငါး (Alligator gar) ဟာ မိကျောင်းတွေနဲ့ ဆက်စပ်မှုမရှိပေမယ့်လည်း မိကျောင်းခေါင်းနဲ့ သင်တုန်းဓားလိုထက်တဲ့ သွားတွေကြောင့် ခုလိုနာမည်ရရှိထားတယ်ဆိုတာကို တွေ့လိုက်တာနဲ့ သိနိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/9c/9ca8bcd8ea9f9d5122619428e640b689919f5015.jpg

အသွင်အပြင်

လူသိများတဲ့ Gar မျိုးစိတ် ခုနှစ်မျိုးမှာ အကြီးဆုံးဖြစ်ပြီး ဒီငါးကြီးဟာ တော်ပီဒိုပုံစံ ခန္ဓာကိုယ် သံလွင်ညိုရောင်ကိုယ်ထည်နဲ့ ပြောင်လက်တောက်ပတဲ့ အကြေးခွံများရှိပါတယ်။ သူတို့ဟာ အရှည် ၁၀ ပေအထိ ကြီးထွားနိုင်ပြီး အလေးချိန် ပေါင် ၃၅၀ နီးပါးအထိ အလေးချိန် ရှိနိုင်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ မြောက်အမေရိကရှိ အကြီးဆုံး ငါးမျိုးစိတ်ဖြစ်လာစေကာ ရေချိုမှာပဲ အချိန်ကုန်ကြသူတွေဖြစ်ပါတယ်။ ( သူတို့မျိုးနွယ် အဖြူရောင် Sturgeon တွေဟာ မြောက်အမေရိကရဲ့ အကြီးဆုံး ရေချိုးငါးလို့ သတ်မှတ်လေ့ရှိပေမယ့်လည်း သူတို့ဟာ ရေငန်မှာပဲ အချိန်တော်တော်များများ ဖြတ်သန်းလေ့ရှိပါတယ်။)

https://s9.kh1.co/__image/w=650,h=434,q=100/78/785b6787da6d418b91190afed9e88da147469423.jpg

နေထိုင်ရာ

ခုမျိုးစိတ်တွေရဲ့ သမိုင်းမတိုင်ခင် မျိုးစိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၇ သန်းတုန်းက ပထမဆုံး ပေါ်ထွန်းခဲ့ပြီး ကမ္ဘာနေရာအများအပြားမှာ နေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ Gar တွေဟာ အမေရိကန်ရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာသာ နေထိုင်ကြပါတော့တယ်။ မိကျောင်းငါးတွေကို သမိုင်းကြောင်းအရ မစ္စစ္စပီမြစ်ဝှမ်းတစ်လျှောက်တွေ့ရှိခဲ့ပြီး မြောက်ဘက်အစွန်ဆုံး အိုင်အိုဝါနှင့် အနောက်ဘက်စွန်း ကန်ဆက်နှင့် နီဘရာစကာတို့အထိတောင် သူတို့ဟာ နေထိုင်ခဲ့ကြပါတယ်။ ယနေ့ခေတ် မိကျောင်းငါးများဟာ မစ္စစ္စပီမြစ်အောက်ပိုင်း၊ အိုကလာဟိုးမား အနောက်ဘက်၊ Arkansas မြောက်ဘက်၊ တက္ကဆက်၊ မက္ကဆီကို တောင်ဘက် နှင့် အရှေ့ဘက် ဖလော်ရီဒါတို့မှာပဲ နေထိုင်ကြပါတယ်။မိကျောင်းငါးတွေဟာ ကြမ်းတမ်းပြီး ဆားငန်ရေကိုတောင် ခံနိုင်ရည်ရှိကြပေမယ့်လည်း မြစ်များ၊ စိမ့်များ နဲ့ ရေကန်ကြီးတွေရဲ့ နှေးကွေးတဲ့ ရေကိုပဲ ကြိုက်နှစ်သက်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/1f/1f078a17c6ca29bcf681d1b526a129a561c9434c.jpg

ကာကွယ်ရေး

သူတို့ပုံစံဟာ ကြမ်းတမ်းတဲ့ ပုံရှိနေပေမယ့်လို့လည်း မိကျောင်းငါးတွေဟာ လူသားတွေကို မခြိမ်းခြောက်တဲ့အပြင် တိုက်ခိုက်မှုလည်း မရှိပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ငါးဥတွေကို လူသားတွေ စားမိရင်တော့ အဆိပ်သင့်နိုင်ပါတယ်။ သူတို့ကို တိုက်ခိုက်တဲ့ သားရဲတွေကတော့ မိကျောင်းတွေပဲ ဖြစ်ပြီး ငယ်သေးတဲ့ ငါးတွေကိုတော့ တခြားမျိုးစိတ်တွေကပါ ဖမ်းယူတတ်ကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ မိကျောင်းငါးတွေဟာ ငါးများကို အဓိက အစာအဖြစ် စားသုံးကြပေမယ့်လည်း ကဏန်းပြာ၊ လိပ်ငယ်များ၊ ရေငှက် သို့မဟုတ် အခြားငှက်များနှင့် နို့တိုက်သတ္တဝါငယ်များကိုလည်း စားသုံးကြပါတယ်။

https://s9.kh1.co/__image/w=650,h=380,q=100/99/99a59d13397b30fdf0f56c3727b1fe9f83a20aa2.jpg

သတင်း အရင်းအမြစ် National geographic

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T