Siberian Flying Squirrel လို့ခေါ်တဲ့ ရှဥ့်တွေဟာ Eurasiaမှာ ကမ္ဘာကြီးရဲ့အစောပိုင်းထဲက ရှိခဲ့တဲ့ရှဥ့်တွေပဲဖြစ်ပါတယ်။သူတို့ခန္ဓာကိုယ်ဟာ မီးခိုရောင်ဖြစ်ကြပြီး ဝမ်းဗိုက်ကအရောင်ကတော့ နောက်ကျောထက်ပိုလျော့ကြပါတယ်။

လည်ပင်းနဲ့ ရှေ့ထိပ်ဟာအနက်ရောင်အစင်းရှိကြပြီး အမြှီးတွေကတော့ပြန့်နေတာပဲ ဖြစ်ပါတယ်။သူတို့မျက်လုံးတွေဟာ ပုံမှန်ထက်ကြီးပြီး အနက်ရောင်ပိုတောက်ကြပါတယ်။ထူးခြားတဲ့အချက်ကတော့ Flying Squirrel တွေဟာ အမွှေးပြန့်နေတဲ့ အမြှေးပါး၊ခြေထောက်ရဲ့ ရှေ့နဲ့နောက်ခြေထောက်တွေကြားမှာ ဆန့်တန်းနေတဲ့အရေပြားတွေရှိပြီး ထိုအမြှေးပါးကိုဖြန့်ပြီး မီတာ (၁၀၀) ကျော် အကွာအဝေးကိုဖြတ်ကာ သစ်ပင်တစ်ပင်မှတစ်ပင်သို့ပျံဝဲနိုင်ကြတာ ဖြစ်ပါတယ်။

အများအားဖြင့် ညနေဘက်တွေမှာတက်ကြွတတ်ပြီး ဆောင်းခိုလေ့မရှိပေမယ့် တစ်ခါတစ်ရံဆောင်းရာသီမှာ ရက်ပေါင်းများစွာ အိပ်စက်တက်ကြပါတယ်။Flying Squirrel တွေဟာ အရွက်၊အစေ့၊ဘူးသီး၊အခွံမာ၊ဘယ်ရီသီးနဲ တစ်ခါတစ်ရံ ငှက်ဥတွေနဲ့ အသိုက်တွေကိုစားတတ်ကြပါတယ်။

သစ်ခေါက်ငှက်တွေလုပ်တဲ့ အပေါက်တွေမှာ အသိုက်လုပ်ကြပြီး သူတို့အရွယ်အစားနဲ့သင့်လျော်ရင် ငှက်တွေရဲ့ အိမ်တွေမှာပါ အသိုက်လုပ်ကြပါတယ်။အရေအတွက်ဘယ်လောက်ရှိလဲဆိုတာအတိအကျမသိရပေမယ့် နောက်ပိုင်းမှာလျော့နည်းလာကြောင်း တွေ့ရပါတယ်။နေထိုင်ရာနေရာတွေ အကွဲကွဲအပြားပြားဖြစ်ခြင်းနဲ့ ရာသီဥတုကြောင့် အိုးအိမ်ဆုံးရှုံးရခြင်းတို့က Flying Squirrel တွေရဲ့ အရေအတွက်ကိုလျော့နည်းလာစေတာ ဖြစ်ပါတယ်။






