ရှားပါးပန်းမျိုးစိတ်တစ်မျိုးဖြစ်တဲ့ Fritillaria ပန်းကတော့ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးပေးဝယ်ရမယ့် ပန်းလို့ ထင်ပါတယ်။ Fritillaria ပန်းဟာ လီလီမျိုးရင်း (Liliaceae) မျိုးနွယ်ဝင်ပါ။ ပန်းမျိုးစိတ်က ၁၃၀ မှ ၁၄၀ ကြားဝန်းကျင်လောက်ရှိတဲ့အပြင် မျိုးကွဲ ၈ မျိုးလောက်ရှိပါတယ်။ ပန်းအများစုက ကျွန်တော်တို့ အသုံးပြုတဲ့ ခေါင်းလောင်းပုံသဏ္ဍာန်နဲ့တူပါတယ်။ ပြီးတော့ ထူးခြားတာက အပင်ရဲ့ အရွက်ပါ။ လီလီမျိုးစိတ်တွေ အားလုံးက အရွက်ဖားဖားကြီးတွေ ဖြစ်ပေမယ့် သူရဲ့ အရွက်က သေးသွယ်လွန်းလှပါတယ်။


လီလီပန်းများကတော့ အားလုံးဆင်တူကြပေမယ့် သူတို့ရဲ့ အသွေးအသားကတော့ လုံးဝကွဲပြားပါတယ်။ Fritillaria ပန်းမျိုးစိတ်ကတော့ မြောက်ဘက်ကမ္ဘာခြမ်းရဲ့ အပူပိုင်းဒေသ၊ မြေထဲပင်လယ်နှင့် မြောက်အာဖရိကမှ ယူရေးရှား ၊ အနောက်တောင်အာရှမှတဆင့် မြောက်အမေရိကတိုက်အထိ သူ့ရဲ့ဇာတိဖြစ်ပါတယ် ။ ယနေ့ခေတ်မှာတော့ ပျောက်ကွယ်လုဆဲဖြစ်နေတဲ့ ပန်းမျိုးစိတ်တစ်မျိုးပေါ့။


ဥယျာဉ်ခြံတွေနဲ့ စီးပွားဖြစ် စိုက်ပျိုးကြတဲ့ တောင်သူတွေကတော့ Fritillaria ပန်းကို ဆောင်းဦးပေါက်၊ စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလမှာ အများအားဖြင့် စိုက်ပျိုးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီကာလမှာ စိုက်ပျိုးတာဟာ ပန်းဖူးများဟာ တင်းနစ်ဘောလုံးထက် ပိုကြီးထွားနိုင်လို့ပါ။

သတင်း အရင်းအမြစ်៖ Source - wikipedia