ရာစုနှစ် နှစ်ဝက်ကျော် လူသိများခဲ့တဲ့ Burebist ခေါင်းဆောင် Argevay ရဲ့ မြေအောက်ခန်းထဲမှာ ကြီးမားတဲ့အရိုးစုတွေကို တွေ့ခဲ့ရပါတယ်။ ခေါင်းဆောင် Argevay ရဲ့ အရိုးစုတွေလို့ သိရပြီး ရိုမေနီးယား နိုင်ငံမှာ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ `` Burebist '' ဆိုတာ ရှေးခေတ်ဒဏ္ဍာရီစစ်တမ်းတွေအရ Pyramid တွေ နဲ့ ကြီးမားတဲ့ ဘုရားကျောင်းအဆောက်အအုံတွေကို ဆောက်လုပ်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ လူမျိုးစုတစ်ခုပဲ ဖြစ်ပါတယ်။ထိုလူမျိုးစုတွေဟာ ကမ္ဘာအနှံ့သွားလာနေထိုင်ခဲ့ကြတဲ့သူတွေ ဖြစ်ပြီး သူတို့တည်ရှိခဲ့ကြောင်းကိုတော့ `` David and Goliath ’’ ပုံပြင်တွေသာမကပဲ တခြားများပြားတဲ့ ပုံပြင်တွေကနေသိခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုပုံပြင်တွေကနေတဆင့် လူတွေသိချင်ခဲ့ကြတာကတော့ `` ဒီလူမျိုးတွေ ဘယ်လိုသေဆုံးသွားကြတာလဲ “ ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ ဒီမေးခွန်းကိုတော့ ရိုမေးနီးယားမှာ ရှိတဲ့ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ အရိုးစုတွေကိုလေ့လာခြင်းဖြင့်တွေ့ရှိခဲ့ပါတယ်။

Burebist ခေါင်းဆောင် Argevay ကို ထိုခေတ်က သူနဲ့အတူပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေသာမကပဲ ဒဏ္ဍာရီအကြောင်း စိတ်ဝင်စားတဲ့သူတွေကပါ သဘောကျနှစ်သက်ကြတာပဲဖြစ်ပါတယ်။ရိုမေးနီးယားမှာ တူးဖော်ရှာဖွေခဲ့တဲ့သူတွေထဲကမှ ဆရာ Lonits Florea ဆိုသူရဲ့ Beforeitsnews.com မှတွေ့ရှိရခြင်းဖြစ်ပါတယ်။ သူဟာ (၁၉၉၄) ခုနှစ်မှာ ရှေးဟောင်းသုတေတနပညာရှင်တွေကို အလုပ်သမားတွေမပါပဲ ကြီမားတဲ့ ဦးခေါင်းခွံတွေကို တူးဖော်ပြီး ပြသခဲ့ပါတယ်။ Florea ရဲ့ပြောကြားချက်အရ အရိုးခေါင်းအခွံတွေကို ထရပ်ကားတွေပေါ်မှာ တိတ်တဆိတ်သိမ်ထားခဲ့ကြကြောင်း သိရပါတယ်။ သေဆုံးခဲ့တဲ့မြေမှာ အရိုးပေါင်း (၈၀) ခန့် တွေ့ရှိခဲ့ပြီး အများစုကတော့ ပြည့်စုံတဲ့ အရိုးစုတွေပဲဖြစ်ပါတယ်။ထို့အပြင် ကောက်ပဲသီးနှံတွေ နဲ့ပြည့်နေတဲ့ ကြွေအိုးကြီးတွေကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

Florea က အင်တာဗျူးမှာ `` အဲ့အချိန်ကစပြီး ထိုအရိုးစုတွေ ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှမသိနိုင်တော့ပါဘူး ‘’ လို့ ဖြေကြားခဲ့ပါတယ်။သို့ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က `` Scaieni ‘’ဆိုတဲ့ ရွာမှာရှိတဲ့ ရွာသားတွေ တောင်ယာလုပ်ကိုင်ရင်း Titan တွေရဲ့ သင်္ချိုင်းတွေကိုတွေ့ရှိခဲ့ပါတယ်။ထိုနေရာကို သုတေသနအဖွဲ့သွားရောက်ပြီး တွေ့ရှိတဲ့အရာတွေကို ဖယ်ရှားခဲ့ပါတယ်။အချိန်ကြာတာနဲ့အမျှ ဒေသခံတွေဟာလည်း ဒီအကြောင်းတွေကို မေ့သွားခဲ့ကြပါတယ်။ရိုမေးနီးယားလူမျိုးတွေဟာ ဧရာမလူမျိုးတွေအကြောင်းကို သိရှိကြပြီး ထိုလူမျိုးတွေဟာ အရင်က Scaieni ရွာနားမှာရှိတဲ့ သစ်တောတွေထဲမှာ နေထိုင်ခဲ့ကြောင်း လည်းသိရှိရပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရ ရတနာတွေရှိတဲ့တောင်တွေရဲ့ အောက်မှာကြီးမားတဲ့ တဲတွေရှိတယ်လို့လည်းသိရပါတယ်။ဒါပေမယ့် (၂၀၁၆) ခုနှစ်မှာ သတင်းထောက်တွေက ဒီအကြောင်းတွေကို စုံစမ်းမယ် လုပ်တဲ့အခါမှာတော့ တင်းကြပ်စွာတားမြစ်ခဲ့ပြီးလျှို့ဝှက်ထားခဲ့ကြကြောင်းသိရပါတယ်။