Bee Hummingbird ငှက်တွေဟာ ကမ္ဘာ့အသေးငယ်ဆုံးငှက်တွေ ဖြစ်ကြပြီး သွယ်လျတဲ့ အသွင်အပြင်ရှိကြပါတယ်။သူတို့ဟာ အသက် (၇) နှစ်မှ (၂၀) အထိ အသက်ရှင်နေနိုင်ကြပြီး အလေးချိန် (၁.၆) ကီလိုဂရမ်ကနေ (၂) ကီလိုဂရမ်ထိရှိကာ ခန္ဓာကိုယ်အရှည်ကတော့ (၅) စင်တီမီတာမှ (၆)စင်တီမီတာ အထိ ရှိကြပါတယ်။အထီးတွေဟာ အစိမ်းရောင်လည်ချောင်း၊ အနီရောင်လည်ချောင်း ရှိကြပြီး ဘေးဘက်မှာအမွှေးရှည်၊ အပေါ်ပိုင်းမှာ အပြာနုရောင်ရှိကြပါတယ်။ အမတွေကတော့ အောက်ခံမီးခိုရောင်၊စိမ်းပြာရောင်နဲ့ အမှီးဖျားမှာ အဖြူကွက်တို့ရှိကြပါတယ်။

Bee Hummingbird တွေကိုကျူးဘားကျွန်းမှာ အများဆုံးတွေ့ရပြီးမိုးသစ်တော၊ခြောက်သွေ့တော နဲ့တောစပ်၊ချုံပုတ်တွေမှာ နေထိုင်ကြပါတယ်။တောင်ချိုင့်ဝှမ်းတွေ၊ စိမ့်မြေတွေမှာလည်းတွေ့ရပြီး ကျေးလက်ဥယျာဉ်တွေမှာလည်း နေထိုင်ကြပါတယ်။သူတို့ဟာထိုင်နေတာများပြီး အနီးနားရှိကျွန်းတွေလောက်သာ ပျံသန်းကြပါတယ်။အထီးကျန်စွာနေတတ်ကြပြီး နေ့လယ်လောက်ပဲ တက်တက်ကြွကြွနေကြတာဖြစ်ပါတယ်။

Bee Hummingbird တွေဟာ သူတို့ရဲ့လျှာတွေကို လျင်မြန်စွာရွေ့လျားပြီး ဝတ်ရည်ကို အဓိကစားကြပါတယ်။တခါတရံ အင်းဆက်တွေ၊ပင့်ကူတွေလည်း စားတတ်ကြပါတယ်။သူတို့ဟာ စိုက်ပျိုးထားတဲ့ သီးနှံတွေပျက်စီးတဲ့အခါ နေထိုင်တဲ့နေရာဆုံးရှုံးတတ်ကြပါတယ်။အပူပိုင်းဒေသမှာ ရှိတဲ့ ပင့်ကူ၊ဖား၊ငါး နဲ့ အရွယ်အစားကြီးတဲ့ ငှက်တွေရဲ့ စားသုံးခြင်းကို ခံရပါတယ်။သူတို့ဟာ ဂေဟစနစ်မှာအရေးကြီးတဲ့ အခန်းကဏ္ဍာ့မှာ ပါဝင်ကြပြီး ပန်းတစ်ပွင့်မှတစ်ပွင့်ပျံသန်းတဲ့အခါ ဝတ်မှုန်ကူးပြီး ဒီနည်းနဲ့ အပင်မျိုးပွားခြင်းကို အထောက်အကူပြုကြပါတယ်။


Photos: Credit
သတင်း အရင်းအမြစ်៖ google





