ကံကောင်းခြင်းသင်္ကေတအဖြစ် မှတ်ယူလေ့ရှိတဲ့ နှံကောင်များဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၅၀ က Triassic ကာလမှာ ပထမဆုံးပေါ်ထွန်းခဲ့တဲ့ ကမ္ဘာ့ရှေးအကျဆုံး တိရစ္ဆာန်အမျိုးအစားများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ နှံကောင်များဟာ ကမ္ဘာ့တဝှမ်းမှာ ကျင်လည်ကျက်စားနိုင်တဲ့ အင်းဆက်များဖြစ်ပြီး မျိုးစိတ်ပေါင်း ၁၁,၀၀၀ ကျော်ရှိပါတယ်။ အဲ့သလို မျိုးစိတ်များစွာထဲကမှ ထူးထူးခြားခြား အကြီးဆုံး နှံကောင်မျိုးစိတ် ၅ ကောင်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) Large Marsh Grasshopper
အဆိုပါ နှံကောင်ကြီးဟာ ယူကေမှာတွေ့ရတဲ့ အကြီးဆုံး နှံကောင်ဖြစ်ပြီး စိုစွတ်တဲ့ လွင်ပြင်များနှင့် မြက်ခင်းပြင်များမှာ တွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် ယခုအခါ အဆိုပါ နှံကောင်ကြီးများကို New Forest မှာသာ တွေ့ရှိရပြီး အထီးများဟာ အရှည် ၁ လက်မအထိ နှင့် အမများဟာ အရှည် ၁.၅ လက်မအထိ ကြီးထွားနိုင်ကြပါတယ်။ အများစုကတော့ အဝါ (သို့) အညိုရောင်ဖြစ်နေပေမယ့် တစ်ခါတစ်ရံမှာ ပန်းရောင်ဖြစ်လာပါတယ်။

(၂) Calliptamus Italicus
Calliptamus Italicus လို့ခေါ်တဲ့ မျိုးစိတ်ကတော့ အာရှအလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အနောက်ဥရောပတို့မှာ ပျံ့နှံ့နေတဲ့ အလတ်စား နှံကောင်ပါ။ အရွယ်အစားအားဖြင့် အထီးတွေဟာ ၁.၀၂ လက်မအထိရှိပြီး အမများမှာတော့ ၁,၅၇ လက်မအထိရှိကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်များကတော့ မကြာခဏ မီးခိုးရောင် (သို့) အညိုရောင်ဖြစ်ပြီး အတောင်များဟာ အများသောအားဖြင့် အနီရောင် များဖြစ်ကြပါတယ်။ အစားအစာအနေနဲ့ကတော့ ဒီနှံကောင်များဟာ သားငှက်တိရစ္ဆာန်များဖြစ်တာကြောင့် အပင်များကိုသာ စားကြပြီး များသောအားဖြင့် တောရိုင်းပင်များ (သို့မဟုတ်) တစ်ခါတစ်ရံ သီးနှံများကို စားသုံးကြပါတယ်။

(၃) Two-Striped Grasshopper (အစင်းနှစ်စင်းရှိတဲ့ နှံကောင်)
အဆိုပါ နှံကောင်ဟာ သူ့ရဲ့ မျက်လုံးကနေ အတောင်ပံအထိကို သွယ်တန်းထားတဲ့ ဖျော့တော့တော့ အစင်းနှစ်စဉ်းပါရှိပါတယ်။ ခန္ဓာကိုယ်ကတော့ များသောအားဖြင့် အညိုရောင် (သို့မဟုတ်) အစိမ်းရောင် ရှိပြီး နောက်ကျောမှာ အနက်ရောင် အစင်းကြောင်းများ ရှိပါတယ်။ အစင်းနှစ်စင်း နှံကောင်များဟာ အရှည် ၁ လက်မမှ ၁.၆ လက်မအထိ ရှိနိုင်ပြီး မြောက်အမေရိကနှင့် ကနေဒါတို့မှာ အများဆုံး တွေ့ရှိရပါတယ်။ သူတို့ဟာ ပုံမှန် အပင်များနှင့် သီးနှံမျိုးစုံကို စားသုံးကြတာ ဖြစ်လို့ လူတော်တော်များများက အဖျက်ပိုးလို့လည်း သတ်မှတ်ကြပါတယ်။

(၄) Northern Grass Pyrgomorph
တစ်ခါတရံ ဟင်းရွက်နှံကောင်လို့ လူသိများတဲ့ အဆိုပါနှံကောင်များဟာ အရှည် ၁.၂ လက်မမှ ၁.၆ လက်မအထိ ရှိကြပါတယ်။ သူတို့ကို ဩစတေးလျရဲ့ အပူပိုင်းနှင့် ကမ်းရိုးတန်းဒေသများမှာ အများအားဖြင့် တွေ့ရလေ့ရှိပါတယ်။ ဒီပိုးကောင်ရဲ့ ထူးခြားချက်ကတော့ တစ်ကိုယ်လုံးအစိမ်းရောင်ပဲ ဖြစ်ပါတယ်။

(၅) Differential Grasshopper
ဒီနှံကောင် မျိုးစိတ်ကတော့ ကနေဒါ ၊ ဗဟိုအမေရိက နှင့် မက္ကဆီကိုနိုင်ငံများမှာ အများဆုံး နေထိုင်ကျက်စားကြတာပါ။ အထီးများကတော့ ၁.၅ လက်မနှင့် အရှည် ၂ လက်မနီးပါးအထိရှိကြပြီး အဝါရောင် (သို့) အစိမ်းဖြစ်ပါတယ်။ အများသောအားဖြင့် တစ်ကောင်တည်းနေထိုင်တာထက် အုပ်စုဖွဲ့နေထိုင်ရတာကို ကြိုက်နှစ်သက်ကြပြီး သူတို့စားတဲ့ ကောက်ပဲသီးနှံများကို ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်စေတာကြောင့် ပိုးမွှားအဖြစ် အများအပြား သတ်မှတ်ထားကြပါတယ်။
သတင်း အရင်းအမြစ်៖ Source - a-z-animals





