ရေကူးကျွမ်းတဲ့ ဂျပန်နိုင်ငံက နှင်းမျောက်များ

//s9.kh1.co/b9/b9ee55402ef58595ade906d74c8868ec9e3988bc.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-ဒီ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဒီမျောက်မျိုးစိတ်ကို ဂျပန်နိုင်ငံရဲ့ နေရာမျိုးစုံတွေ့ရပြီး.......

Japanese Macaque လို့ခေါ်တဲ့ မျောက်တွေဟာ ဂျပန်နိုင်ငံရဲ့နေရာမျိုးစုံမှာ တွေ့ရပြီး အလယ်အလတ် အရွယ်အစားရှိကြပါတယ်။သူတို့ဟာနှင်းများဖုံးလွှမ်းနေတဲ့ နေရာတွေမှာနေတာကြောင့် ` နှင်းမျောက် ‘ လို့လည်း ခေါ်ကြပါတယ်။ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ တွေ့ရတဲ့မျောက်မျိုးစိတ် ဖြစ်ပြီး ပတ်ဝန်းကျင်၊ ရာသီဥတုနဲ့ လိုက်လျောညီထွေစွာ နေတတ်ကြပါတယ်။Macaque တွေမှာ ထူထပ်တဲ့အမွှေးတွေ ရှိကြပြီး အညိုရောင် (သို့မဟုတ်) မီးခိုရောင် ရှိကြပါတယ်။သူတို့မှာ ပါးသိုင်းမွှေးအရှည်၊ မုတ်ဆိတ်မွှေးအရှည်တွေ ရှိကြပြီး အမှီးတိုကြပါတယ်။သူတို့ဟာ တခြားမျောက်တွေကဲ့သို့ လက်တွေပါရှိပြီး အရာရာကို ကိုင်ဆောင်နိုင်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/0b/0bf53af337a521708d81ad13c1d67976d64a09d7.webp

Macaque တွေဟာ ဂျပန်နိုင်ငံရဲ့ အဓိကကျွန်းတွေမှာ နေထိုင်ကြပြီး တောင်ဘက်ရှိ အပူပိုင်းသစ်တော၊မြောက်ပိုင်းရှိ တောင်တန်းဒေသ၊အလယ်နဲ့မြောက်ဘက်မှာ ရှိတဲ့ အရွက်ကြွေတောတွေ သာမကပဲ ကျွန်းတွေရဲ့  အနောက်တောင်ဘက်ရှိ အမြဲစိမ်းတော၊ပူနွေးအေးမြတဲ့တောတွေမှာလည်း တွေ့ရပါတယ်။သူတို့ဟာ သေးငယ်တဲ့ တိရိစ္ဆာန်တွေ၊ အပင်တွေ စားသုံးကြပြီး အဓိကအားဖြင့် သစ်သီးတွေဖြစ်တဲ့ ဘယ်ရီသီး နဲ့ အစေ့၊ပန်းပွင့်နဲ့ အရွက်နုတွေစားသုံးကြပါတယ်။ ဆောင်းတွင်းမှာတော့ အင်းဆက်၊ဂဏန်းနဲ့ ငှက်ဥတွေစားကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/9b/9bf8de17ee952ff797ea0e8567a416b5f7f64c76.jpg

Macaque တွေဟာ ရေကူးကျွမ်းကြပြီး ကီလိုမီတာတော်တော်များများထိ ကူးနိုင်၊ခုန်နိုင် ကြပါတယ်။သူတို့ဟာ များသောအားဖြင့် ပျံ့နှံ့နေပြီး မကြာသေးခင်က အရေအတွက်တိုးလာခဲ့ပါတယ်။အရေအတွက်စုစုပေါင်း (၁၁၄,၄၃၁) ထိရှိကြပါတယ်။သူတို့မျိုးစိတ်တွေနဲ့ ပက်သက်ပြီးချိန်းခြောက်တာ မကြုံတွေ့ရပေမယ့် နှစ်စဉ်မျောက်ကောင်ရေ (၁၀၀၀၀) ဟာအသတ်ခံနေရပြီး အကြောင်းအရင်းကတော့ လယ်သမားတွေရဲ့ ကောက်ပဲသီးနှံတွေ၊ တိရိစ္ဆာန်တွေ ကိုပျက်စီးစေတာကြောင့် လယ်သမားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=977,q=100/55/550b8c2e87b78540b863947107401d9a037b3460.jpg
https://s9.kh1.co/__image/w=650,h=434,q=100/fe/fe9e171fc86fee33ae46a68ef0044de4e2ef7761.jpg

Photos: Credit

သတင်း အရင်းအမြစ် Google

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T