ကျွဲတွေထဲမှာ အာဖရိက ကျွဲတွေကတော့ နာမည်ဆိုးနှင့် ယနေ့အချိန်ထိ စွဲထင်နေဆဲပါ။ အာဖရိကကျွဲတွေဟာ အန္တရာယ်အရှိဆုံး တိရစ္ဆာန်တွေထဲမှာ တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ အဆိုပါ ကျွဲတွေဟာ တခါတရံမှာ အခြားသော တိရစ္ဆာန်တွေထက် အာဖရိကတိုက်ရှိ ဒေသခံလူများကို သေဆုံးစေတဲ့အထိ တိုက်ခိုက်ကြပါတယ်။ အချို့ ခန့်မှန်ချက်များအရ ဆိုရင် အာဖရိကကျွဲတွေရဲ့ တိုက်ခိုက်မှုကြောင့် နှစ်စဉ် လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးနေတယ်လို့ ဆိုပါတယ်။


ထူးခြားတာ တစ်ခုကတော့ အဆိုပါ ကျွဲတွေဟာ တစ်ကောင်တည်းထက် အုပ်စုနေထိုင်ရတာကို ပိုပြီးသဘောကျကြပါတယ်။ ခန့်မှန်းချေအရ ကျွဲအုပ်တစ်အုပ်လျှင် အကောင် ၅၀ မှ ၅၀၀ အထိရှိကြပါတယ်။ ဒီလိုအုပ်စုဖွဲ့နေထိုင်ကြတာဟာ ခြင်္သေ့၊ ကျားသစ်၊ ဟိုင်နာနှင့် အာဖရိက တောခွေးများကဲ့သို့ သားကောင်များကို နှိမ်နင်းရာမှာ အထောက်အကူပြုပါတယ်။


အာဖရိက ကျွဲတွေမှာဆိုရင် ထူးထူးခြားခြား မျိုးစိတ် ၄ မျိုးလောက်ရှိပေမယ့် အများဆုံးက Cape Buffalo မျိုးစိတ်ပါ။ ဒီမျိုး ၄ မျိုးစလုံးကို ထင်ထင်ရှားရှား သိရဖို့ဆိုရင်တော့ သူတို့ရဲ့ အရောင်အသွေး ၊ အရွယ်အစားနှင့် ဦးချိုပုံသဏ္ဍာန်တိုနဲ့ ခွဲခြားသတ်မှတ်ထားကြပါတယ်။

အချို့သော ကျွဲမျိုးစိတ်တွေကိုတော့ အာဖရိကအပြင် အီသီယိုးပီးယားအနောက်တောင်ပိုင်းနှင့် ကင်ညာ၊ ယူဂန်ဒါ၊ ရဝမ်ဒါ၊ တန်ဇန်းနီးယား၊ ဇမ်ဘီယာနှင့် မာလာဝီတို့အပါအဝင် အင်ဂိုလာ၊ မိုဇမ်ဘစ်နှင့် ဆွာဇီလန်တို့မှာလည်း တွေ့ရနိုင်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - nationalgeographic





