' Baluga Whale ' လို့ခေါ်တဲ့ အဖြူရောင်ရှိတဲ့ ဝေလငါးတွေဟာ ဝေလငါးမျိုးစိတ်တွေထဲကမှ အသေးဆုံးမျိုးစိတ်ပဲ ဖြစ်ပါတယ်။Bluga တွေဟာ ထူးခြားတဲ့အရောင်တွေနဲ့ သူတို့ရဲ့ ထင်ရှားတဲ့နှဖူးတွေကြောင့် လူတွေရဲ့ စိတ်ဝင်စားခြင်းကို ပိုခံရတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ နို့တိုက်သတ္တဝါတွေဖြစ်ပြီး အသားစားဝေလငါးတွေ ဖြစ်ပါတယ်။အရွယ်အစား (၁၃) ပေမှ ပေ (၂၀) အထိရှိပြီး အလေးချိန် (၁)တန်မှ (၁.၅) တန် အထိရှိကြပါတယ်။မွေးခါစမှာ မီးခိုးရောင်ဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ အရောင်မှိန်သွားခဲ့တာပဲ ဖြစ်ပါတယ်။သူတို့မှာ မျက်နှာအမူအရာမျိုးစုံ လုပ်ပေးနိုင်တဲ့ ပျော့ပြောင်းတဲ့ နှုတ်ခမ်းတွေနဲ့ သွားတွေရှိပေမယ့် ဆူးတောင်တွေတော့ မရှိကြတာဖြစ်ပါတယ်။

Bluga တွေဟာ အသက် (၃၀) မှ အသက် (၅၀) အထိ နေနိုင်ပြီး pods လို့ခေါ်တဲ့ အုပ်စုတွေမှာ အတူတကွနေထိုင်ကြတာပဲ ဖြစ်ပါတယ်။သူတို့ဟာ လေချွန်သံ၊အော်ဟစ်သံတွေနဲ့ အချင်းချင်း ဆက်သွယ်ကြပြီး အခြားအသံမျိုးစုံကိုလည်း ကူးယူနိုင်ကြပါတယ်။ Bluga တွေဟာ တခြားဝေလငါးတွေနဲ့မတူပဲ လိုသလိုလှည့်နိုင်တဲ့ လည်ပင်းတွေပိုင်ဆိုင်ထားပြီး ထိုလည်ပင်းတွေနဲ့ ခေါင်းငြိမ့်ပြီး သူတို့ဆိုလိုချင်တာကို ပြသကြပါတယ်။။ Bluga တွေဟာ အစားမျိုးစုံ စားသုံးကျပြီး ရေချိုငါး၊ခရုတွေသာမကပဲ အမျိုးပေါင်း (၁၀၀) ကျော် စားသုံးကြတာပဲ ဖြစ်ပါတယ်။အစာတွေကို မဝါးပဲ စုတ်ဖြဲပြီး မျိုချကြတာပဲဖြစ်ပါတယ်။အစာကိုလည်း သူတို့ရဲ့စွမ်းအင်ကို ခြွေတာဖို့အတွက် အတူတကွရှာဖွေကြတာလည်း ဖြစ်ပါတယ်။

Bluga တွေကို အာတိတ်သမုဒ္ဒရာရဲ့ ကမ်းရိုးတန်းတွေမှာတွေ့ရပြီး ပင်လယ်ရေခဲသွားတဲ့အခါမှာ အာတိတ်သမုဒ္ဒရာရဲ့ တောင်ဘက်ကိုပြောင်းရွှေ့ကြပါတယ်။ ရေခဲပြင်မှာကျန်ခဲ့တဲ့အကောင်တွေဟာ သေဆုံးကြပြီး ပိုလာဝက်ဝံ၊လူသားစား ဝေလငါး နဲ့ အာတိတ်လူမျိုးတွေ ရဲ့သတ်ဖြတ်ခြင်းကို ခံရရုံသာမက လူတချို့ရဲ့ စီးပွားဖြစ်ဖမ်းဆီးမှုတွေကိုပါ ခံကြရပါတယ်။Bluga တွေဟာ "narwhal" ဟုခေါ်သော အစွယ်ရှိသော "unicorn" ဝေလငါးနှင့် ဆက်စပ်နေတာ ဖြစ်ပါတယ်။



Photos: Credit
သတင်း အရင်းအမြစ်៖ google