လူ့လက်ဝါးလောက်ရှိတဲ့ ပိုးကောင်ကြီးတွေကို သင်တွေ့ဖူးပါသလား…? ။ တကယ်လို့ သင်မတွေ့ဖူးသေးရင်တော့ ယခုဖော်ပြတဲ့ Goliath Beetle ပိုးကောင်ကြီးကိုတွေ့တာနဲ့ အံ့အားသင့်သွားမှာ သေချာပါတယ်။ တကယ်တော့ ဒီပိုးကောင်မျိုးစိတ်က အာဖရိကမှာ တွေ့ရတဲ့ နွားချေးမျိုးနွယ်ဖြစ်ပြီး လူ့လက်ဝါးနီးပါးလောက် ကြီးမားတဲ့ အကြီးဆုံး ပိုကောင်ကြီးတွေဖြစ်ပါတယ်။ ဒီပိုးကောင်ကြီးတွေက ကျွန်တော်တို့ဆီမှာ တွေ့ရတဲ့ နွားချေးပိုးတွေနဲ့ ပုံသဏ္ဍာန်အားဖြင့် တူကြပေမယ့် အရွယ်အစား နှင့် အရောင်ကတော့ တော်တော်ကွာပါတယ်။


သာမန် နွားချေးပိုးတစ်ကောင်က ၅.၀၈ စင်တီမီတာရှိရင် အရွယ်ရောက်ပြီးတဲ့ Goliath Beetle ပိုးကောင်တစ်ကောင်ကတော့ အရှည် ၁၂ စင်တီမီတာ နီးပါးအထိရှိကြပါတယ်။ အရောင်ကတော့ မျိုးစိတ်ပေါ်မှာမူတည်ပေမယ့် အများစုမှာ အနက်၊ အညိုနှင့် အဖြူရောင်တို့ ပေါင်းစပ်ထားတာ တွေ့ရပါတယ်။ ပိုးကောင်အထီးတွေကတော့ မိတ်ဖက်များအတွက် ရန်သူများကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဦးခေါင်းများမှာ Y ပုံသဏ္ဍာန် ဦးချိုများရှိကြပါတယ်။


အမတွေမှာတော့ မြေတူးရာမှာ အသုံးပြုနိုင်တဲ့ သပ်ပုံသဏ္ဍာန် ဦးခေါင်းများရှိကြပါတယ်။ အများစုကတော့ အာဖရိကမှာ နေထိုင်ကြပြီး သကြားဓာတ်များတဲ့ သစ်သီးပုပ်များကဲ့သို့သော အစားအစာများကို စားသုံးကြပါတယ်။ မှတ်တမ်းတွေအရ ဆိုရင်တော့ ဒီပိုးကောင်ကြီး မျိုးစိတ်က ၅ မျိုးလောက်ရှိပါတယ်။


သတင်း အရင်းအမြစ်៖ Source - brightside