နှင်းကျားသစ်များဟာ ကမ္ဘာပေါ်ရှိ အဆိုးရွားဆုံးအခြေအနေများမှာ နေထိုင်ဖို့ ဆင့်ကဲပြောင်းလဲလာကြတာဖြစ်ပါတယ်။ အနက်ရောင် အပွင့်ကြီးများနဲ့ ထူထဲတဲ့ အဖြူရောင် မီးခိုးရောင် အမွှေးတွေနဲ့ ကျားသစ်တွေဟာ အာရှရဲ့ မတ်စောက်ပြီး မြင့်မားတဲ့ တောင်တန်းများနေထိုင်ကြပါတယ်။ သူတို့ရဲ့ မယုံနိုင်လောက်အောင် သဘာဝကျတဲ့ ဖုံးကွယ်ထားမှုကြောင့် ပတ်ဝန်းကျင်မှာ မမြင်ရနိုင်လောက်အောင်ပါပဲ။ ဒီအသွင်အပြင်ကြောင့် နှင်းကျားသစ်များကို "တောင်များရဲ့ သရဲ" လို့ မကြာခဏ ရည်ညွှန်းကြပါတယ်။

နှင်းကျားသစ်ရဲ့ အစွမ်းထက်တဲ့ တည်ဆောက်မှုဟာ မတ်စောက်တဲ့ တောင်စောင်းများကို လွယ်ကူစွာ တက်ရောက်နိုင်ပါတယ်။ သူ့ရဲ့ နောက်ခြေထောက်များကြောင့် နှင်းကျားသစ်ဟာ သူ့ရဲ့ကိုယ်ထည်အရှည်ထက် ခြောက်ဆကျော် ခုန်နိုင်စွမ်းရှိပါတယ်။ ရှည်လျားတဲ့ အမြီးဟာ သွက်လက်တက်ကြွစေပြီး အအေးဒဏ်ကို အကာအကွယ်အဖြစ်ပေးပြီး ငြိမ်ဝပ်နေတဲ့ နှင်းကျားသစ်ရဲ့ပတ်ပတ်လည်မှာ ဟန်ချက်ညီအောင် ပံ့ပိုးပေးပါတယ်။

နှစ်ထောင်ပေါင်းများစွာကြာအောင် ဒီကြီးကျယ်ခမ်းနားတဲ့ကြောင်ဟာ တောင်များရဲ့ ဘုရင်ဖြစ်ခဲ့ပါတယ်။ တောင်များဟာ Blue Sheep လို့ခေါ်တဲ့ ဂျိုကြီးနဲ့ သိုးများ၊ Argali တောသိုး၊ Ibex၊ Marmots၊ Pikas နှင့် Hares လို သားကောင်များဖြင့် ကြွယ်ဝပါတယ်။ နှင်းကျားသစ်ရဲ့ နေထိုင်ရာဟာ အာရှတစ်လွှားရှိ နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ တောင်တန်းဒေသများ ဖြစ်တဲ့ အာဖဂန်နစ္စတန်၊ ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်သမ္မတနိုင်ငံ၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ ဖြစ်ပါတယ်။

နိုင်ငံတွေအကုန်လုံးရဲ့ စုစုပေါင်း ဧရိယာဟာ ၇၇၂,၂၀၄ စတုရန်းမိုင်နီးပါး ကျယ်ဝန်းပြီး တရုတ်နိုင်ငံမှာတော့ နေထိုင်တဲ့အကောင်ဟာ ၆၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမယ့် နှင်းကျားသစ်တွေနေထိုင်ရာ နေရာဖြစ်တဲ့ နိုင်ငံတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို စူးစမ်းလေ့လာခြင်းမပြုရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နှင်းကျားသစ် အကောင်အရေအတွက်ဟာ ဆက်လက်ကျဆင်းနိုင်ဖွယ်ရှိနေပါတယ်။

သတင်း အရင်းအမြစ်៖ world wild life