Baifern ကို Nine Naphat ထက် Win နဲ့ သဘောပိုတူတယ်ဆိုတဲ့ ပရိသတ်များ

//s9.kh1.co/e8/e8359b801e322064bdd3a8220be27c25334903ff.jpg
အနုပညာရှင်များ

 ၂၆-နို-၂၀၂၂ ၁pm · လွန်ခဲ့သော တစ်နှစ် က

ကိုယ်တွေအသေးလေးက ရည်းစားမရှိတော့ ဘော်လီဘော ပုတ်ခံနေရသလိုပဲ Nine ဆီရောက်လိုက် Win ဆီ ရောက်လိုက်နဲ့

ထိုင်းနိုင်ငံရဲ့ Channel တစ်ခုဖြစ်တဲ့ GMMTV က 2023 ခုနှစ်မှာ ပရိသတ်တွေအတွက် ရုပ်ရှင်ကားအသစ်ကို ထုတ်လွှင့်တော့မှာဖြစ်ပြီး အဆိုပါရုပ်ရှင်ပရောဂျက်အတွက် အနုပညာရှင်များစွာလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Photo Credit: Popular.com
Photo Credit: Popular.com

Cha Eun Woo နဲ့ Im Soo Hyang တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ "My ID Is Gangnam Beauty" ကို GMMTV က "Beauty Newbie" ဆိုတဲ့ နာမည်နဲ့ Remake ပြန်လည်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ထိုင်းမင်းသမီးချောလေး Baifern နဲ့အတူ Win Metawin နဲ့ အတူတွဲပြီး အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင်သွားမှာ ဖြစ်ပါတယ်။

Photo Credit: Popular.com
Photo Credit: Popular.com

GMMTV သတင်းပေါက်ကြားပြီးပြီးချင်းမှာပဲ ပရိသတ်တွေတော်တော်များများက နှစ်ပေါင်းများစွာ Baifern ကို Nine နဲ့ သဘောတူခဲ့ကြပြီး အခုလက်ရှိမှာတော့ Nine အစား Baifern ကို Win နဲ့ ပိုသဘောတူနေကြတာဖြစ်ပြီး သူတို့နှစ်ယောက်ကို Dating လုပ်ဖို့ထိတောင် တောင်းဆိုမှုတွေရှိနေပါပြီ။

Photo Credit: Popular.com
Photo Credit: Popular.com
Photo Credit: Popular.com
Photo Credit: Popular.com

ဆိုရှယ်မီဒီယာပေါ်မှာ ပေါက်ကြားလာပြီးနောက်မှာတော့ Baifern နဲ့ Nine ရဲ့ပရိသတ်တစ်ဦးဖြစ်တဲ့ MC Num Kanchai က " Win က ကျွန်တော်ရဲ့သားလိုပဲ။ Nine က ကျွန်တော့်ရဲ့ သားအကြီးဆုံးလိုပဲ။ ဒါပေမယ့် ကျွန်တော်ပြောပြချင်တာက Nine နဲ့ Baifern ကို တွဲဖို့အားပေးနေကြတာ တော်တော်ကြာပြီ သူတို့နှစ်ယောက် ကို တကယ့်စုံတွဲလေးဖြစ်စေချင်တဲ့အထဲမှာ ကျွန်တော်က ထိပ်ဆုံးကပဲ" ဆိုပြီး ပြောပြခဲ့ပါတယ်။

Photo Credit: Popular.com
Photo Credit: Popular.com
Photo Credit: Popular.com
Photo Credit: Popular.com
Photo Credit: Popular.com
Photo Credit: Popular.com

သတင်း အရင်းအမြစ်Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T