ပညာရှင်တချို့ပြောကြားချက်အရ Cuckoo ငှက်များဟာ အရှက်မရှိတဲ့ ကပ်ပါးကောင်များဖြစ်ပါတယ်တဲ့။ Cuckoo မျိုးစိတ်များစွာဟာ သူတို့ရဲ့ဥများကို အခြားငှက်များရဲ့ အသိုက်မှာထားခဲ့ကာ သူတို့ရဲ့သားငယ်များကို လုံးဝကွဲပြားတဲ့ တခြားမျိုးစိတ်များနဲ့ ကြီးပြင်းလာစေပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဒီငှက်တွေက သူတို့ဥကို တခြားငှက်ရဲ့အသိုက်ထဲမှာ ဥဖို့အတွက် တခြားအသိုက်ထဲက ဥတွေရဲ့ မိခင်အစာရှာမထွက်မချင်း စောင့်နေတတ်တယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် Cuckoos ငှက်တွေဟာ ထင်တာထားတက် ပိုထူးဆန်းပါတယ်။


လေ့လာမှုအသစ်တစ်ခုမှာ Magpies ငှက်ဟာ သူ့အသိုက်ပေါ်မှာထိုင်နေတုန်း Great Spotted Cuckoo ငှက်ဟာ သူ့ရဲ့ဥများကို Magpies ရဲ့ အသိုက်ပေါ် ဥနေတာကို တွေ့ရှိခဲ့ပါတယ်။ မျိုးစိတ်တစ်ခုအနေဖြင့် Magpies ငှက်များဟာ ကျေးဇူးကန်းတဲ့ cuckoo ငှက်များရဲ့ ဥတွေကို ပြုစုစောင့်ရှောက်ပေးရတဲ့အတွက် စိတ်ပျက်ပြီး သူ့ရဲ့ဥရော Cuckoo ငှက်ရဲ့ ဥတွေပါ ပေါက်တဲ့ချိန်ထိ အသိုက်ပေါ်မှာ အဆက်မပြတ် ထိုင်နေကြတယ်လို့ သိပ္ပံပညာရှင်များက ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဟာက သူတို့ အတွက် ကောင်းကောင်း အဆင်မပြေနေပါဘူး။

Cukoo ငှက်ဟာ ဒီငှက်မှမဟုတ်ဘဲ တခြားငှက်တွေအသိုက်မှာလည်း သူတို့ထိုင်နေတုန်း ဥဥတတ်ပါတယ်။ Magpies ငှက်တွေ ပြန်မတိုက်ဘူးလို့ မဆိုလိုပါဘူး။ သိပ္ပံပညာရှင်တွေ မှတ်တမ်းတင်ထားတဲ့ ကိစ္စတိုင်းလိုလိုမှာ Magipes ငှက်တွေဟာ ကျူးကျော်ဝင်ရောက်လာတဲ့ Cuckoo ငှက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်ခဲ့ပေမယ့် မလုံလောက်ပါဘူး။ ဒီလိုဖြစ်တဲ့အခါတိုင်းမှာ cuckoo ငှက်ဟာ သူမရဲ့တာဝန်ကို ပြီးမြောက်ပြီး သူမရဲ့ဥများကို ဥပေးခဲ့ပါတယ်။


သတင်း အရင်းအမြစ်៖ smithsonian mag