ပင်အပ်ခေါင်းရဲ့ ငါးပုံတစ်ပုံသာရှိတဲ့ ကမ္ဘာ့အသေးဆုံး ပင့်ကူများ

//s9.kh1.co/5d/5d39bb9126e989b442254fb5032bd23a42b59973.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-နို-၂၀၂၂ ၁pm · လွန်ခဲ့သော တစ်နှစ် က

ပင့်အပ်ခေါင်းရထက်တောင် တော်တော်ကို သေးလွန်းနေပါတယ်.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

အသေးငယ်ဆုံး ပင့်ကူများဟာ အန္တာတိကမှလွဲပြီး တိုက်တိုင်းမှာရှိတဲ့ Symphytognathidae မျိုးရိုးမှဖြစ်ပါတယ်။ ဒီမျိုးနွယ်ထဲမှာ ဘယ်မျိုးနွယ်ဟာ အသေးဆုံးဆိုလဲဆိုတာကို ငြင်းခုံလျက်ရှိပါတယ်။ ကိုလံဘီယာ Patu digua ရဲ့ အထီးများဟာ ကိုယ်ထည်အရှည် 0.37 မီလီမီတာ (0.014 လက်မ) ရှိပြီး Samoan moss ပင့်ကူ (P. marplesi) ဟာ 0.4 မီလီမီတာ (0.011 လက်မ) ရှည်နိုင်ပါတယ်။ နှစ်မျိုးလုံးက Patu မျိုးနွယ်တွေဖြစ်ပါတယ်။

Patu digua
Patu digua
Samoan moss
Samoan moss

အသေးဆုံးပင့်ကူမျိုးနွယ်အတွက် သတ်မှတ်ချက်ပြည့်မီတဲ့ အခြားမျိုးစိတ်မှာ Anapistula ဖြစ်ပါတယ်။ အမ Frade ဂူပင့်ကူ Anapistula ataecina ဟာ ပေါ်တူဂီနိုင်ငံရှိ လှိုဏ်ဂူတွေထဲမှာ တည်ရှိပြီး မျိုးသုဉ်းလုနီးပါးမျိုးစိတ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်အရှည် 0.43 မီလီမီတာ (0.016 လက်မ) ရှိပါတယ်။

Anapistula ataecina
Anapistula ataecina

ဒီမျိုးစိတ်များ၏ အထီးများကို ရှာဖွေတွေ့ရှိခြင်းမရှိသေးပေမယ့်လည်း အထီးတွေဟာ မမြင်တွေ့ရအောင် သေးလွန်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်ထပ်မျိုးနွယ်ကတော့ အိုင်ဗရီကို့စ်မှ Anapistula caecula အမများဖြစ်ပြီး 0.48 မီလီမီတာ (0.018 လက်မ) ရှည်လျားပါတယ်။ ပင့်ကူတွေမှာ အမြဲတမ်း အမများဟာ အထီးတွေထက်ကြီးပါတယ်။ ဒါပေယ့် ဒီလိုပင့်ကူတွေမှာတော့ အမတွေက အဲ့လောက်ပဲရှိနေမယ်ဆို အထီးတွေရဲ့ အရွယ်အစားကို မြင်နိုင်မယ်လို့တောင် မထင်ပါဘူး။

 Anapistula caecula
Anapistula caecula

သတင်း အရင်းအမြစ်guinness world records

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T