ခွေးတွေဟာ လူသားတွေရဲ့ အကောင်းဆုံးမိတ်ဆွေ သူငယ်ချင်းဖြစ်တာကို ကျွန်တော်တို့တွေ အားလုံး သိထားပြီးသားပါ။ ကျွန်တော်တို့ လူ့သမိုင်းမှာလည်း ခွေးတွေက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပတ်သက်မှုရှိခဲ့ကြပါတယ်။ ခွေးတွေနှင့် လူတွေ ဘယ်အချိန်ကတည်းက စတင်ပတ်သက်ခဲ့တာလဲဆိုတာကို အချို့က မေးခွန်းထုတ်ခဲ့ကြတာ ရှိပါတယ်။ သမိုင်းပညာရှင်တွေရဲ့ အဆိုအရဆိုရင် ဥရောပသားမုဆိုးများဟာ ဝံပုလွေမျိုးစိတ်တွေနဲ့ စတင်ထိတွေ့တဲ့အခါ လွန်ခဲ့သောနှစ်ပေါင်း ၁၈,၈၀၀ နှင့် ၃၂,၁၀၀ ကြားမှာ လူသားနှင့် ခွေးများကြား ဆက်ဆံရေးကို စတင်ဖွဲ့စည်းခဲ့တာလို့ ဆိုထားတာ ရှိပါတယ်။
အဆိုပါ အစောပိုင်း ခွေးမျိုးစိတ်များဟာ ကွယ်လွန်သွားပေမယ့် ခေတ်မီတဲ့ မျိုးစိတ်များစွာ ကျန်ရှိခဲ့ပါတယ်။ ယခုဖော်ပြပေးမှာကတော့ ယနေ့ခေတ် လူသားတွေကြားမှာ ရေပန်းစားတဲ့ အိမ်မွေးတိရစ္ဆာန်များအဖြစ် ကျန်ရှိနေတဲ့ ကမ္ဘ့ာအသက်အကြီးဆုံး ခွေးမျိုးစိတ်အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) Chow Chow
Chow Chow ဆိုတဲ့ ခွေးမျိုးစိတ်ဟာ တရုတ်နိုင်ငံ မြောက်ပိုင်း အအေးပိုင်းဒေသမှာ ပေါက်ဖွားလာတယ်လို့ ယုံကြည်ကြပါတယ်။ အချို့ကတော့ Chow Chow ကို ခြင်္သေ့ခွေးလို့လည်း ခေါ်ကြပါတယ်။

(၂) Shar Pei
Shar Pei ခွေးမျိုးစိတ်တွေကို ရှေးခေတ်တရုတ်လူမျိုးတွေက အိမ်စောင့် (သို့) တောဝက်တွေကို အမဲလိုက်တဲ့ နေရာမှာ အသုံးပြုခဲ့ကြတာပါ။

(၃) Salukis
Salukis ခွေးမျိုးစိတ်ဟာ DNA အထောက်အထားအရ ဝံပုလွေတွေနဲ့ ကွဲပြားမှုအနည်းဆုံး မျိုးစိတ် ၁၄ မျိုးမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တကယ်တော့ ဒီမျိုးစိတ်ဟာ ကမ္ဘာ့အသက်အကြီးဆုံး ခွေးမျိုးစိတ်အဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ အသိအမှတ်ပြုထားပါတယ်။

(၄) Samoyed
Samoyede မျိုးနွယ်စုဟာ ခရစ်ယာန်မကိုးကွယ်မီ အနည်းဆုံး အနှစ်တစ်ထောင်ခန့်က အာရှအလယ်ပိုင်းကနေ အာတိတ်ဒေသကို ပြောင်းရွှေ့လာကြောင်း အထောက်အထားများစွာ ရှိခဲ့ပါတယ်။ ၁၈၀၀ ခုနှစ်မှာတော့ ဒီမျိုးစိတ်ကို အင်္ဂလန်ကို ပထမဆုံး ခေါ်ဆောင်လာခဲ့ပြီး တစ်ကောင်ကို မျိုးပွားကာ ဘုရင်မကြီး Alexandra အား လက်ဆောင်ပေးခဲ့ပါတယ်။

(၅) Alaskan Malamute
Alaskan Malamute မျိုးစိတ်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ မှ ၃၀၀၀ ဝန်းကျင်ခန့်က Mahlemut မျိုးနွယ်မှ ပေါက်ဖွားခဲ့တဲ့ ရှေးကျတဲ့ Arctic sled ခွေးမျိုးထဲက ဖြစ်ပါတယ်။

(၆) Basenji
Basenjis မျိုးစိတ်များဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ခွေးမျိုးစိတ်များထဲမှ တစ်မျိုးဖြစ်ပြီး လစ်ဗျားမှာ ဘီစီ ၆၀၀၀ ဝန်းကျင်က တွေ့ရှိခဲ့တဲ့ ဂူပန်းချီများမှာ ဖော်ပြထားတဲ့ အမဲလိုက်ခွေးဖြစ်လို့ ယုံကြည်ကြပါတယ်။
သတင်း အရင်းအမြစ်៖ Source - oldest.org