ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့ ချစ်စရာ ခွေးလေး

//s9.kh1.co/c5/c5b420dc24573c5a278f12cbaed50af328bb7845.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော တစ်နှစ် က

.

ကယ်လီဖိုးနီးယားပြည်နယ်ရှိ ခွေးလေးတစ်ကောင်ကတော့ ကမ္ဘာ့ပေါ်မှာ အသက်အကြီးဆုံးခွေးလေး ဖြစ်လာခဲ့ပါပြီ။ ခွေးလေးရဲ့ နာမည်ကတော့ Gino လို့ခေါ်ပြီး ယခုဆိုရင် သူ့ရဲ့ ၁၆ ပေါင် နှင့် အသက်က ၂၂ နှစ်တောင်ရှိခဲ့ပြီဖြစ်လို့ အသက်အကြီးဆုံးခွေးဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်ဝင်ခဲ့ပြီဖြစ်ပါတယ်။

Photo Credit - nypost
Photo Credit - nypost

အဆိုပါခွေးလေးကို ၂၀၀၀ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ Colorado's Humane Society of Boulder Valley မှ ကော်လိုရာဒိုရဲ့ Humane Society of Boulder Valley မှ မွေးစားခဲ့တာပါ။ အသက် ၄၀ နှစ်အရွယ် သူ့ရဲ့ သခင် Wolf ကတော့ ခွေးလေးအတွက် ဂုဏ်ယူခဲ့ပြီး ကျန်းမားရေးကောင်းမွန်အောင် ကျွေးမွေးတဲ့ အစားအစာများနှင့် တိရစ္ဆာန်ဆေးကုသရေး စောင့်ရှောက်မှုနည်းလမ်း‌လေးတွေ မျှဝေခဲ့ပါတယ်။

Photo Credit - nypost
Photo Credit - nypost

ယခင်ကလည်း အသက် ၂၁ နှစ်အရွယ် ခွေးလေး Chihuahua TobyKeith လည်း ယခုလိုမျိုး ကမ္ဘာ့အသက်အကြီးဆုံး ‌ခွေးအဖြစ် စံချိန်တင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီခွေးလေးက အောက်တိုဘာလမှာပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ အကယ်၍ ပရိသတ်တွေလည်း ကိုယ့်ရဲ့အိမ်မှာ ခွေးလေးတွေ မွေးထားတာရှိရင် ဘယ်နှနှစ်ရှိပြီလဲဆိုတာကို ပြောပေးခဲ့ပါဦးနော်..။

Photo Credit - nypost
Photo Credit - nypost

သတင်း အရင်းအမြစ်Source - nypost

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T