သဲကန္တာရထဲမှာ ရေမသောက်ပဲ အသက်ရှင်နိုင်ကြတဲ့ သားပိုက်ကောင်ကြွက်

//s9.kh1.co/ea/ea3b452da3a470d266d69721520dcda34a79a99e.jpeg
ဗဟုသုတအဖြာဖြာ

 ၁၆-နို-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

သဲကန္တာရထဲမှာတောင် ရေလုံးဝမသောက်ပဲ အသက်ရှင်နိုင်ကြတဲ့ သားပိုက်ကောင်ကြွက်

သားပိုက်ကောင် ကြွက်တွေမှာ အမြီးရှည်ရှည်ရယ် ခြေချောင်းလေးချောင်းရှိပြီး နောက်ခြေတွေကတော့ ကြီးပါတယ်။ သူတို့မှာ မျက်လုံးကြီးကြီး၊ နားရွက်ကြီးတွေနဲ့ ဦးခေါင်းကြီးတွေ ရှိပါ‌သေးတယ်။ သူတို့ဟာ အဖြူရောင်ဝမ်းဗိုက်နှင့် အသားရောင်က သဲညိုရောင်ဖြစ်ကြပါတယ်။

https://s9.kh1.co/__image/w=640,h=426,q=100/6a/6aab2b2621f6e1e121dcd6e07837fcc87741c882.jpg

သားပိုက်ကောင် ကြွက်များဟာ သဲကန္တာရ မြက်မျိုးစုံမှ အစေ့များကို စားသုံးကြပြီး တစ်ခါတစ်ရံ သားပိုက်ကောင် ကြွက်များဟာ စိမ်းလန်းတဲ့ အသီးအရွက်များနဲ့ အင်းဆက်အချို့ကို စားတတ်ကြပါတယ်။သားပိုက်ကောင် ကြွက်ဟာ သဲကန္တာရမှာ နေထိုင်ဖို့ လုံးဝနီးပါး အဆင်ပြေပါတယ်။

https://s9.kh1.co/__image/w=602,h=406,q=100/75/7561bb1984aca342b393d7aaf44649fb7948d4c2.jpg

သူတို့ဟာ ရေကို ဘယ်တော့အခါမှ မသောက်ဘဲ ရှင်သန်နိုင်ပြီး သူတို့ရဲ့ အစေ့အဆန်များကနေ လိုအပ်တဲ့ အစိုဓာတ်ကို ရယူနိုင်ပါတယ်။ သူတို့ဟာ ကောင်းမွန်တဲ့ အကြားအာရုံရှိတာမို့ ဇီးကွက်တစ်ကောင် ချဉ်းကပ်လာတဲ့ အသံကိုပင် သိရှိနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/47/47c92c381669872fc9d642e3391c45e2f1d36af1.webp

သူတို့ရဲ့ ကြီးမားတဲ့ ခြေထောက်များဟာ သားရဲကောင်များရန်ကနေ လွတ်မြောက်ဖို့အတွက် တစ်ကြိမ်ကို 9 ပေ (2.75 မီတာ) အထိ ခုန်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/83/8304693700b8b6d09dca9aa485148db91a4cc1a5.jpg

သားပိုက်ကောင် ကြွက်များဟာ သဲကန္တာရ နေရာမျိုးစုံမှာ နေထိုင်ကြပါတယ်။ သားပိုက်ကောင် ကြွက်များကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်နှင့် အနောက်တောင်ပိုင်း ခြောက်သွေ့တဲ့ ဒေသများမှာ တွေ့ရှိရပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/e1/e1a14a61b1dfbde6e7120ee010c959fbb5e09ee8.jpeg

သားပိုက်ကောင် ကြွက်ဟာ မျိုးသုဉ်းဖို့ အန္တရာယ် မရှိပါဘူး။ တောတွင်းရှိ သူတို့ရဲ့အခြေအနေဟာ ယခုအချိန်မှာ ကောင်းမွန်ပါတယ်။ သားပိုက်ကောင် ကြွက်ရတွေရဲ့ ‌တောရိုင်းသဘာ၀ထဲက သက်တမ်းဟာ ၂-၅ နှစ်သာ ရှည်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T