ပန်းသေတာကို ကုသပေးနိုင်တယ်ဆိုတဲ့ ဘရာဇီး ပင့်ကူ

//s9.kh1.co/aa/aa71d60e3e353e0456fec6868fd490db0b8b8f8d.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-နို-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

ပင့်ကူရဲ့အဆိပ်ဟာ လိင်အင်္ဂါကို ထောင်မတ်စေကာ......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဘရာဇီး ပင့်ကူရဲ့ အဆိပ်ဟာ လိင်အင်္ဂါ ချို့ယွင်းမှုကို ကုသနိုင်မယ့် ဆေးဝါးအသစ်များကို ရှာဖွေပေးနိုင်ပါတယ်။ ချီကာဂိုမှာ ပြုလုပ်တဲ့ အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ 63 ကြိမ်မြောက် သွေးပေါင်ချိန် သုတေသန ညီလာခံမှာတုန်းက သုတေသီတွေက ခုလို သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/91/911281244190e56c94d9c0ebda6fa8f446457a5a.jpg

ပင့်ကူဟာ ဘရာဇီးလ်နိုင်ငံမှ ပျံ့လွင့်နေတဲ့ ပင့်ကူ (Phoneutria nigriventer) ဖြစ်ပါတယ်။ အဆိုပါ ပင့်ကူကိုက်ခံရခြင်းဟာ ပြင်းထန်စွာ နာကျင်စေပြီး နာရီပေါင်းများစွာ ကြာရှည်ခံနိုင်ပါတယ်တဲ့။ ကြာချိန်ကတော့ ၄ နာရီလောက်ရှိပြီး ပန်းသေနေတာကို အဲ့ဒီအချိန်အတွင်း ပျောက်ကင်းနိုင်တယ်လို့ သိရှိရပါတယ်။ အကြောင်းကတော့ အဲ့ဒီအချိန်မှာ လိင်အင်္ဂါဟာ ထောင်မတ်လာလို့ပါ။

https://s9.kh1.co/__image/w=650,h=366,q=100/fc/fc69a780adf55c3a8d1423d16034857d9ed90b89.webp
https://s9.kh1.co/__image/w=650,h=434,q=100/97/976ebe8c6f5b13687f8c1488aeddf7a4373c187e.jpeg

ဘရာဇီးနှင့် ဂျော်ဂျီယာ ဆေးကောလိပ်မှ သုတေသီများဟာ ပင့်ကူရဲ့အဆိပ်မှ အဆိပ်အတောက်များကို သန့်စင်ပေးပြီး ကြွက်များမှာ စမ်းသပ်ခဲ့ပါတယ်။ အဆိပ်အတောက်ဟာ လိင်တံတစ်သျှူးအတွင်း သွေးစီးဆင်းမှုကောင်းမွန်စေဖို့ အဆင့်သတ်မှတ်ပေးတဲ့ ဓာတုကွင်းဆက်တုံ့ပြန်မှုကို ဖြစ်စေပြီး ED(ပန်းသေခြင်း) ကို ကုသပေးနိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/f2/f2cdc56b64f0599427442427acaaeb8033275d85.webp

သတင်း အရင်းအမြစ် webmd

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T