ကမ္ဘာပေါ်မှာ မျိုးစိတ်ပေါင်း ထောင်ဂဏန်းလောက်ရှိတဲ့ မြွေများ

//s9.kh1.co/48/481a270d8c4a1f7a003bd76c362333a0a755ba05.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မြွေတွေကို နေရာတိုင်းနီးပါးမှာ တွေ့မြင်ရနိုင်ပြီး......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်း 3,000 ကျော်ရှိပြီး သူတို့ကို အန္တာတိကတိုက်၊ အိုက်စလန်၊ အိုင်ယာလန်၊ ဂရင်းလန်းနှင့် နယူးဇီလန်တို့မှ လွဲပြီး နေရာတိုင်းမှာ တွေ့ရှိရပါတယ်။ မျိုးစိတ်ပေါင်း 600 ခန့်ဟာ အဆိပ်ရှိကြပြီး 200 (ခုနှစ်ရာခိုင်နှုန်း) ခန့်ဟာ လူတစ်ဦးကို သတ်နိုင် သို့မဟုတ် သိသိသာသာ ဒဏ်ရာရနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/94/94e624dfb306d393bb83f692584e0dd2c58e42c6.jpg
https://s9.kh1.co/__image/w=650,h=434,q=100/71/713d12fafca614671a6ded4edd75d857187af80c.webp

အဆိပ်မရှိတဲ့မြွေများမှ အန္တရာယ်မရှိတဲ့ စပါးအုံးမြွေအထိ အဆိပ်မရှိတဲ့မြွေများဟာ အသက်ရှင်လျက် မျိုချခြင်း သို့မဟုတ် အသေအထိ ချုပ်နှောင်ခြင်းဖြင့် သူတို့ရဲ့ သားကောင်များကို စားသုံးကြပါတယ်။ အဆိပ်ရှိမြွေတွေကတော့ အဆိပ်ဖြင့် ထိုးသတ်ခြင်း သို့မဟုတ် ဖျစ်ညှစ်ခြင်းဖြင့် သတ်ကြပြီး အစားစားကြပါတယ်။ မြွေတွေဟာ သူတို့စားတဲ့အစာကို အကောင်လိုက်ပဲ စားတတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/23/23bc73e65265e736c5de7cf1f9785d7fb43943dc.jpg
https://s9.kh1.co/__image/w=650,h=347,q=100/b9/b943e0bd62c92f4e57df86c22427032d53de5e1a.jpg

မြွေအားလုံးနီးပါးဟာ အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး တွားသွားသတ္တဝါများဖြစ်ကာ သူတို့ဟာ သွေးအေးကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်အပူချိန်ကို ပြင်ပကနေ ထိန်းညှိပေးကြတာပါ။ အကြေးခွံများဟာ အချက်များစွာကို လုပ်ဆောင်နိုင်ပါတယ်။ သူတို့ရဲ့ ဒီအကြေးခွံဟာ မိုးနည်းတဲ့ ရာသီဥတုမှာ အစိုဓာတ်ကို ဖမ်းယူပြီး မြွေရွေ့လျားလာစဉ် ပွတ်တိုက်မှုကို လျှော့ချပေးပါတယ်။ အများစုမှာ အကြေးခွံမရှိတဲ့ မြွေမျိုးစိတ်ပေါင်းများစွာကို ရှာဖွေတွေ့ရှိခဲ့ကြပေမယ့်လို့ သူတို့ရဲ့ ဝမ်းဗိုက်မှာတော့ အကြေးခွံများရှိပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b3/b3936e516f16e12ccad440d9c99682aecd480ba6.jpg
https://s9.kh1.co/__image/w=650,h=366,q=100/48/48a56a79c93b443b3fddae8c7ce4d8c0f1c347a2.webp

သတင်း အရင်းအမြစ် National geographic

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T