ကြောင်ကတိုး မစင်ကနေ ထုတ်လုပ်တဲ့ ကမ္ဘာ့စျေးအကြီးဆုံး ကော်ဖီ

//s9.kh1.co/67/67c16426dbcd609be8b9f37e794b17fb694d7b2c.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-နို-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ကြောင်ကတိုး မစင်ကနေ ထုတ်လုပ်တဲ့ ကမ္ဘာ့စျေးအကြီးဆုံး ကော်ဖီ

အင်ဒိုနီးရှား ကော်ဖီအမျိုးအစားထဲမှာ စျေးအကြီးဆုံးပေးပြီး ဝယ်သောက်ရတဲ့ နာမည်ကြီး ကော်ဖီတစ်ခုကတော့ ကြောင်ကတိုးကော်ဖီပါ။ ဒီကော်ဖီက ကြောင်ကတိုးလို့ ခေါ်တဲ့ ကြောင်နံ့သာရဲ့ မစင်မှ ရရှိတဲ့ ကော်ဖီပါ။ ကြောင်ကတိုး မျိုးစိတ်တွေများကို ကျွန်တော်တို့ အာရှဒေသများအပြင် အာဖရိက‌ဒေသများမှာလည်း တွေ့ရတတ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

လက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံ အ‌ရှေ့ဂျာဗားမှာ ကြောင်နံ့သာတွေကို ကမ္ဘာ့စျေးအကြီးဆုံး ကော်ဖိကိုထုတ်ဖို့ အသုံးချခဲ့ကြပါတယ်။ ကော်ဖီစိုက်ပျိုးတဲ့ တောင်သူတွေက ကြောင်နံ့သာတွေကို မွေးမြူကြပြီး သူတို့အစာအဖြင့် ကော်ဖီစေ့တွေကို ကြွေးကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

ကြောင်နံ့သာတွေက အဲ့ဒီကော်ဖီစေ့တွေကို စားပြီးနောက် မစင်ထုတ်တဲ့အခါမှာ အစောက စားသောက်ခဲ့တဲ့ ကော်ဖီစေ့လေးတွေပါ ရောနှောပြီးထွက်ရှိခဲ့တာပါ။ တောင်သူများက အဲ့ဒီ ကော်ဖီစေ့လေးတွေပါတဲ့ ကြောင်နံ့သာ မစင်ကို လက်အိတ်များဖြင့် သေချာကောက်ယူသိမ်းဆည်းပြီး နေပူပြန်လှန်းကြပါတယ်။ အဆိုပါ ကြောင်နံ့သာ မစင်တွေ ခြောက်သွားပြီးဆိုတာနဲ့ ရရှိလာတဲ့ ကော်ဖီစေ့များကို စင်ကြယ်စွာ ဆေးကြောကာ အမှုန့်ကြိတ်ပြီး အရသာကောင်မွန်တဲ့ ကော်ဖီကို ထုတ်လုပ်ခဲ့ကြတာပါ။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ကြောင်နံ့သာကော်ဖီက စျေးကွက်ထဲမှာ အမေရိကန် ဒေါ်လာ ၅၀၀ မှ ၆၀၀ အထိ ပေါက်စျေးရှိပါတယ်။ ကော်ဖီကို သောက်သုံးသူအချို့ကတော့ အရသာအလွန်ကောင်းမွန်ပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဆင်တွေရဲ့ မစင်ကနေ စျေးအကြီးဆုံး ကော်ဖီကို ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - news.oneexpert / THUTA ZONE

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T