လူတွေမကြားရတဲ့အသံကို ကြားနိုင်ကြပြီး နားအရမ်းပါးကြတဲ့ ကြောင်များ

//s9.kh1.co/3d/3dd1cc3bce33c4767b0a85722e1a017dc5d9b088.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-နို-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကြောင်တွေက သူတို့သားကောင်ဘယ်မှာရှိလဲဆိုတာကို အသံနဲ့တင် သိနိုင်ကာ.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ကြောင်များဟာ 20-50 kHz အကွာအဝေး အတွင်းရှိ ကြွက်များမှ ထွက်လာတဲ့ ကြိမ်နှုန်းမြင့်အသံများကို ထောက်လှမ်းသိရှိနိုင်ပါတယ်။ ဒါကြောင့် ကြောင်ငယ်လေးများဟာ သူတို့ကိုအမဲလိုက်တတ်တဲ့ သားကောင်များရဲ့ အသံများကို သိရှိနိုင်ကြတာပါ။ ကြောင်ဆိုတာ ကြောင်မျိုးနွယ်အကုန်လုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ အာထရာဆောင်းဆိုတာကတော့ လူ‌‌တွေကြားရတဲ့ အကြားအာရုံရဲ့ အထက်ပိုင်း ကန့်သတ်ချက်ထက် မြင့်မားတဲ့ ကြိမ်နှုန်းများ၊ အသံလှိုင်းများ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/c1/c15ef171ad75d126d20df2eeae083ea6366d3f8e.jpg
https://s9.kh1.co/__image/w=512,h=269,q=100/b7/b784bd2be5c9b94454483f0a47d8eb443ae31b7c.png

လူ့အကြားအာရုံအတွက် အထက်ကန့်သတ်ချက်ဟာ 15-20 kHz အကွာအဝေး ဖြစ်ပါတယ်။ ကြောင်များဟာ 65-70 kHz အကွာအဝေးထိ ကြားနိုင်ပါတယ်။ ကြောင်များရဲ့ နားရွက်ဟာ အကြားအာရုံခံနိုင်စွမ်းကို တိုးမြှင့်ပေးတာမို့ ဒါဟာ သူတို့ကို အမဲလိုက်နေတဲ့ သားကောင်းရဲ့ အနေအထားကို ပိုမိုတိကျစွာ ညွှန်ပြနိုင်တဲ့ အသံချဲ့စက်များနှင့် တူပါတယ်။ ဒီလိုအစွမ်းကြောင့်သူတို့ဟာ သူတို့ကိုအမဲလိုက်တဲ့ သားကောင်တွေရဲ့ နေရာကိုသိနိုင်သလို သူတို့အမဲလိုက်တဲ့အခါမှာလည်း အသုံးပြုနိုင်ကြပါတယ်။ တောကြောင်မျိုးစိတ်ဖြစ်တဲ့ သဲကြောင်ဟာ နမူနာပြလို့ကောင်းပါတယ်။

https://s9.kh1.co/__image/w=650,h=558,q=100/22/22668d1f723c0cee5451b3b2b046bcd076eccbed.jpg
https://s9.kh1.co/__image/w=600,h=415,q=100/12/12817228c16c55dd383d346061c806ac33435d5d.jpg

ဒီကြောင်ဟာ သားကောင်ကို ထောက်လှမ်းဖို့အတွက် အသံပေါ်မှာ အားကိုးအားထားပြုရတဲ့ နို့တိုက်သတ္တဝါဖြစ်ကြပြီး ကြီးမားတဲ့ နားရွက်ကြီးလည်းရှိပါတယ်။ သူရဲ့နားဟာ ထောင်ထားလို့လည်းရသလို နိမ့်ထားလို့လည်းရပါတယ်။ ကြောင်ရဲ့ဦးနှောက်ဟာ ဘယ်နှင့်ညာ နားကြားရှိ အသံကွဲပြားမှုကို နှိုင်းယှဉ်ပြီး တိရစ္ဆာန်ရဲ့ အရင်းအမြစ်ကို ပိုမိုရှင်းလင်းစွာသိရှိနိုင်စေပါတယ်။ ကြောင်တွေဟာ အသံက ဘယ်ဘက်ကလာတာလား ညာဘက်ကလာတာလားဆိုပြီးလည်း သိရှိနိုင်ကြပါတယ်တဲ့။

https://s9.kh1.co/__image/w=650,h=342,q=100/bb/bb02511cb4236162dd1ad8e70cb45867bd159794.jpg

သတင်း အရင်းအမြစ် Pictures of cats

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T