ကြက်ပုံသဏ္ဍာန်လို တည်ဆောင်ထားတဲ့ အင်ဒိုနီးရှားက အထင်ကရအရှိဆုံး ဘုရားကျောင်း

//s9.kh1.co/31/314f811151c402b935cceb56f88b0699c8a3a1c3.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-အောက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကြက်ပုံသဏ္ဍာန်လို တည်ဆောင်ထားတဲ့ အင်ဒိုနီးရှားက အထင်ကရအရှိဆုံး ဘုရားကျောင်း

အင်ဒိုနီးရှားနိုင်ငံ Magelang မြို့အနီးရှိ Borobudur ခရိုင် ၊ Kembanglimus ရွာမှာရှိတဲ့  Gereja Ayam ခရစ်ယာန် ဘုရားကျောင်းဟာ ကမ္ဘာ့တစ်ဝှမ်းရှိ လူများကို ဆွဲဆောင်ထားနိုင်တဲ့  အလယ်ပိုင်းဂျာဗားရှိ အထင်ကရအရှိဆုံး အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ခရစ်ယာန်အဆောက်အအုံဟာ အဲ့ဒေသမှာ တစ်ခုတည်းရှိတာ မဟုတ်ပါဘူး အခြားအဆောက်အအုံးများစွာလည်း ရှိကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

Gereja Ayam ခရစ်ယာန် ဘုရားကျောင်းကို ဗြိတိသျှ ကိုလိုနီခေတ် အုပ်ချုပ်သူ Sir Thomas Stamford Raffles မှ တောအုပ်တစ်အုပ်ထဲရှိ တောင်ထိပ်ပေါ်မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာပါ။ ဘုရားကျောင်း တည်ဆောက်ထားတဲ့ ပုံစံက ကြက်မတစ်ကောင်လို ပုံသဏ္ဍာန်ရှိတာဖြစ်လို့ ဒေသခံတွေကတော့ ကြက်ဘုရားလို့တောင် ခေါ်ခဲ့ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

အချို့လည်း ဒီဘုရားကျောင်းကို ချိုးငှက်တစ်ကောင်နဲ့လည်း တူတယ်လို့ မှတ်ချက်ပေးထားကြပါတယ်။ ဘုရားကျောင်းဟာ စတုရန်းမီတာ ၃ဝဝဝ ကျယ်ဝန်တဲ့ မြေဧရိယာပေါ်မှာ တည်ဆောက်ထားတာဖြစ်ပေး အရမ်းကြီးတော့ မကျယ်သလို ကြီးလည်း မကြီးပါဘူး။ ထူးခြားတာ တစ်ခုကတော့ ဒီဘုရားကျောင်းဟာ ခရစ်ယာန် ဘုရားကျောင်းဆိုပေမယ့် ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူများ၊ မွတ်ဆလင်များ၊ ကက်သလစ်များ စတဲ့ ဘာသာခြားများလည်း မိမိတို့ ဝတ်ပြုဆုတောင်းနည်း လာရောက်ဆုတောင်းလို့ ရတဲ့ နေရာတစ်ခုပါ။

Photo Credit – From Google
Photo Credit – From Google

 ဒါ့အပြင် ယခုနောက်ပိုင်းမှာ ဒီဘုရားကျောင်းကို ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းကလေးငယ်များ၊ မူးယစ်ဆေးစွဲသူများနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများအပြင် ဒုက္ခရောက်နေသော လူငယ်များအတွက် ပြန်လည်ထူထောင်ရေးစင်တာအဖြစ်လည်း အသုံးပြုကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - random-times

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T