သိပ္ပံပညာရှင်များရဲ့ အဆိုအရ ဝါးဟာ မြက်မျိုးနွယ်ဝင်ဖြစ်ပေမယ့် ဥပဒေပြုချက်အရ ဝါးကို သစ်ပင်အဖြစ် ခွဲခြားသတ်မှတ်လေ့ရှိ ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝါးဟာ နှစ်ရှည်အမြဲစိမ်းမြက်နွယ်ဝင် Poaceae (Gramineae) ရဲ့ Bambusoideae မျိုးရိုးခွဲမှ ဆင်းသက်ခဲ့တာပါ။ မြက်များအားလုံးမှာဆိုရင် ဝါးဟာ အကြီးဆုံးဖြစ်ပြီး သစ်တောအဖြစ် ကွဲပြားနိုင်တဲ့ တစ်ခုတည်းသော အပင်လည်းဖြစ်ပါတယ်။

ဝါးဟာ မြက်ပင်ဖြစ်ပေမယ့် ပိုမိုကြီးမားတဲ့ ဝါးမျိုးစိတ်အများစုကြောင့် သစ်ပင်ပုံသဏ္ဍာန်နှင့် အလွန်တူကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြက်အားလုံးကဲ့သို့ပင် ဝါးပင်များမှာလည်း မရှိမဖြစ်လိုအပ်တဲ့ အပေါက်များပါရှိကြပါတယ်။

မျိုးစိတ်၊ ကြီးထွားမှုအခြေအနေနှင့် culm ရဲ့ အစိတ်အပိုင်း ပေါ်မူတည်ပြီး အထူအပါးကွဲပြားသွားတာ ဖြစ်ပါတယ်။ ဝါးပင်များမှာ ထူးခြားတာ တစ်ခုကတော့ အမြှေးပါးများမှာ သွေးကြော cambium အလွှာနှင့် meristem ဆဲလ်များ ချို့တဲ့ကြပါတယ်။ Meristem ဆဲလ်များက ဝါးပင်တစ်ပင်ကို ပိုမိုမြင့်မားအောင် ကူညီပေးပေမယ့် ဝါးများအသက်ကြီးလာရင်တော့ မြင့်မားမှုက ရပ်တန့်သွားပါတယ်။

ဒါပေမယ့် အကိုင်းအခက်များကတော့ သေဆုံးသွားတဲ့အထိ တဖြည်းဖြည်း များပြားလာကြပါတယ်။ နှစ်ရှည်ပင်မျိုးစေ့အသစ်များကိုတော့ သူတို့ရဲ့ မြေအောက်အမြစ်စနစ်ကနေ စဉ်ဆက်မပြတ်ထုတ်လုပ်ပေးကြပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာတော့ ဝါးကို ဘယ်လိုသတ်မှတ်လဲ မသိကြပေမယ့် နိုင်ငံအများအပြားမှာတော့ ဝါးများကို တရားဝင်သစ်ပင်များအဖြစ် သတ်မှတ်ကြပါတယ်။ ဆိုလိုတာက သစ်တောဌာနရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းများအောက်ကို ရောက်ရှိသွားတာပါ။ အရှင်းဆုံးပြောရရင် ဝါးစိုက်တဲ့ တောင်သူများဟာ သစ်တောဌာနရဲ့ သင့်လျော်တဲ့ပါမစ်မရှိဘဲ ရိတ်သိမ်းခြင်းနှင့် သယ်ယူခြင်းကို တားမြစ်ထားတာလို့ ဆိုလိုတာ ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Source - clickatree





