ကမ္ဘာပေါ်မှာ လူကုန်ကူးခံရမှုအများဆုံး နို့တိုက်သတ္တဝါလေးများ

//s9.kh1.co/86/8680d9d3ef16e0632671c4bb7b0536e833af735b.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-အောက်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

သူတို့ရဲ့ အသားဟာ လူချမ်းသာတွေပဲ စားနိုင်ကြကာ......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ရှက်တတ်ပြီး အန္တရာယ်မရှိတဲ့ သင်းခွေချပ်ဟာ အကြောင်းရင်းတစ်ခုကြောင့် ပိုမိုလူသိများလာပါတယ်။ အဲ့တာကတော့ သူတို့ဟာ ကမ္ဘာပေါ်မှာ လူကုန်ကူးခံရမှုအများဆုံး နို့တိုက်သတ္တဝါဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ တရုတ် တိုင်းရင်းဆေးပညာ နှင့် သူတို့ရဲ့ အသားအတွက် နဲ့ အကြေးခွံများ အတွက် နှစ်စဉ် သင်းခွေချပ် သောင်းနှင့်ချီ သတ်ဖြတ် ခံရပြီး တရုတ် နှင့် ဗီယက်နမ်နိုင်ငံ တို့မှာ လူချမ်းသားတွေပဲ စားနိုင်မယ့် အစားအစာများ ဖြစ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=460,q=100/02/022b12c126ebd49f9f1afcc8b59cc2807079548d.jpg

ကမ္ဘာပေါ်မှာ သင်းခွေချပ်မျိုးစိတ် ရှစ်မျိုးရှိပါတယ်။ အာရှမှာဆိုရင် တရုတ်၊ ဆန်ဒါ၊ အိန္ဒိယနှင့် ဖိလစ်ပိုင် သင်းခွေချပ် လေးမျိုး တွေ့ရှိရပြီး သူတို့ကို IUCN မှ ခြိမ်းခြောက်ခံရသူများအဖြစ် စာရင်းသွင်းထားပါတယ်။ အာဖရိကမျိုးစိတ် လေးမျိုးက‌တော့ မြေကြီး သင်းခွေချပ်၊ သင်းခွေချပ်ကြီး၊ သင်းခွေချပ် ဝမ်းဖြူ နှင့် ဝမ်းနက် တို့ရှိကြပြီး သူတို့ကို ထိခိုက်လွယ်သူများအဖြစ် စာရင်းသွင်းထားပါတယ်။ မျိုးစိတ်အားလုံးဟာ တရားမဝင်ကုန်သွယ်မှုကြောင့် အကောင်ရေ ကျဆင်းမှုနှင့် ရင်ဆိုင်နေရပါတယ်။ ၂၀၁၆ ခုနှစ်မှာ နိုင်ငံပေါင်း ၁၈၆ နိုင်ငံက မျိုးသုဉ်းလုနီးပါးမျိုးစိတ်များ ကူးသန်းရောင်းဝယ်ရေး သဘောတူစာချုပ် (CITES) ကို အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုထိန်းချုပ်တဲ့ သဘောတူစာချုပ်အရ သင်းခွေချပ်များ ကူးသန်းရောင်းဝယ်မှုကို တားမြစ်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/87/870e20d94076fd1e2c4b213ad5cceecc7fcb885b.jpg

သင်းခွေချပ်များဟာ အထီးကျန်သူများဖြစ်ပြီး အများအားဖြင့် ညအချိန်မှာ လှုပ်ရှားကြပါတယ်။ အများစုမှာ မြေပေါ်တွင် နေထိုင်ကြပေမယ့်လည်း အချို့မှာ ဝမ်းမည်းသင်းခွေချပ်များလိုပဲ သစ်ပင်တက်ကြပါတယ်။ သူတို့ဟာ ကြီးမားတဲ့ အိမ်ကြောင်တစ်ကောင်အရွယ်အစားကနေ လေးပေကျော်အထိ အရွယ်အစားရှိတတ်ပါတယ်။ သူတို့ကို keratin နဲ့ပြုလုပ်ထားတဲ့ အကြေးခွံများ (လူ့လက်သည်းများနှင့်တူပါတယ်) ရှိပါတယ်။ ခြိမ်းခြောက်ခံရတဲ့အခါ သူတို့ဟာ သံချပ်ကာလို အရေခွံ့ကို ဘောလုံးလိုလှိမ့်ဝင်သွားပြီး သူတို့ရဲ့ အမြီးခြေရင်းရှိ ဂလင်းတစ်ခုမှ အနံ့ဆိုးများကို ကာကွယ်ရေး ယန္တရားအဖြစ် ထုတ်ပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=464,q=100/20/202a729daad5d518ac2b2a3653f55e50fa67dc31.webp

ပုရွက်ဆိတ်စားကောင်များလိုပဲ သင်းခွေချပ်များဟာ နှာတံရှည်ပြီး လျှာရှည်ကြသဖြင့် တောင်ပို့များမှ တူးဖော်ရရှိတဲ့ ပုရွက်ဆိတ်များနှင့် ခြကောင်များကို စားသုံးကြပါတယ်။ ပုရွက်ဆိတ်တွေ ရန်ကနေကာကွယ်ဖို့ သူတို့ဟာ အစာစားတဲ့အခါ နှာခေါင်းနဲ့ နားတွေကို ပိတ်နိုင်ကြပါတယ်။ သင်းခွေချပ်များဟာ ပုရွက်ဆိတ်စားကောင်တွေလို ပြုမူနေထိုင်ကြပေမယ့်လည်း သူတို့ရဲ့ အပြုအမူ နေထိုင်ပုံဟာ ဝက်ဝံ၊ ကြောင်နဲ့ ခွေးတို့နဲ့ပိုမို ဆင်တူပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/97/97a0bc260d5e985449b826e306532b7e034f6036.jpg

သတင်း အရင်းအမြစ် National Geographic

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T