လူပေါင်း ၁၂,၀၀၀ ကျော် အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ အကြီးမားဆုံး ရှေးဟောင်း သင်္ချိုင်းကြီး

//s9.kh1.co/23/23a9c5058b7fe92d53a746708ff7a471ef2154be.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-အောက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လူပေါင်း ၁၂,၀၀၀ ကျော် အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ အကြီးမားဆုံး ရှေးဟောင်း သင်္ချိုင်းကြီး

ရှေး‌ဟောင်းဂရိမြို့မှာ မီးရထားလမ်းချဲ့ရင်း  ၂၀၀၈ ခုနှစ်က ရှာတွေ့ခဲ့တဲ့ အကြီးမားဆုံး ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုများထဲမှ တစ်ခုခဲ့ပါတယ်။ ဒါကတော့ ဂန္ထဝင်ခေတ်တွေက လူပေါင်း ၁၂,၀၀၀ ကျော်လောက်မြှုပ်နှံထားတဲ့ သင်္ချိုင်းကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

ကျွန်တော်ထင်တာကတော့ ကမ္ဘာပေါ်က ရှေးဟောင်း အရိုးစုရှာတွေ့ခဲ့တဲ့ ဖြစ်ရပ်တွေမှာ ဒါဟာ ပမာဏအများဆုံးဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာတွေ့ရှိခဲ့တဲ့ အရိုးစုတွေကတော့ အများဆုံးမှ ရာဂဏန်းလောက်သာ ရှိတာဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

ယခုမီးရထားလမ်းချဲ့ရင်း တွေ့ရှိခဲ့တဲ့ သင်္ချိုင်းဟာ သမိုင်းမှတ်တမ်းတွေအရဆိုရင် ပြင်းထန်တဲ့ တိုက်ပွဲများစွာ ဖြစ်တဲ့နေရာလို့ ဆိုပါတယ်။ ဒါကြောင့် တူးဖော်တွေ့ရှိခဲ့တဲ့ အရိုးစုတွေကလည်း အဲ့ချိန်တုန်းက တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်သည်များဖြစ်ပြီ အစုလိုက်အပြုံလိုက်မြုပ်နှံထားတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့မြုပ်နှံထားတဲ့ လူအရိုးစုတွေကြားမှာ မြင်းတွေရဲ့ အရိုးစုတွေလည်း တွေ့ရှိခဲ့ရလို့ပါ။

Photo Credit – From Google
Photo Credit – From Google

 မြင်းတွေရဲ့ အရိုးစုက အကောင် ၃၀ လောက်ရှိပါတယ်။ ထူးခြားတာ တစ်ခုကတော့ အရိုးစုတွေကို ကြည့်ခြင်းအားဖြင့် သေဆုံးသူတွေကို နံပါတ်လိုက် သေသေချာချာလေး စနစ်တကျနဲ့ မြုပ်ထားခဲ့တာပါ။ ဒီသင်္ချိုင်းကိုတွေ့ရှိခဲ့ပြီးနောက်မှာ ရှေးဟောင်းသုတေသနပညာရှင်များ၊ မနုဿဗေဒပညာရှင်နှင့်အတူ အထူးကျွမ်းကျင်သူ  ရှေးဟောင်းသုတေသနကြီးကြပ်ရေးမှူး Palermo ဦးဆောင်ပြီး တူးဖော်ရေးလုပ်ငန်းကို ၃ နှစ်တာ အချိန်ယူလုပ်ဆောင်ခဲ့ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - pahilopahilonews

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T