ရွှေငါးနှင့် အခြားတိရစ္ဆာန်များစွာဟာ အလင်းကို တုံ့ပြန်ရာမှာ အရောင်ပြောင်းပါတယ်။ အလင်းရောင်ကို တုံ့ပြန်ရာမှာ ရောင်ခြယ်ပစ္စည်း ထုတ်လုပ်ခြင်းဟာ နေပူခံဖို့အတွက် အခြေခံပဲဆိုတာ လူတိုင်းသိကြမှာပါ။ ငါးများဟာ အရောင်ခြယ်ခြင်း သို့မဟုတ် အလင်းရောင်ပြန်ဟပ်စေတဲ့ ရောင်ခြယ်ပစ္စည်းများကို ထုတ်လုပ်ပေးတဲ့ ခရိုမာတိုဖိုရက်စ်လို့ခေါ်တဲ့ ဆဲလ်များရှိပါတယ်။ ငါးရဲ့အရောင်ကို ဆုံးဖြတ်ရာမှာ ဆဲလ်များမှာ ဆိုးဆေးများပါ၀င်တဲ့အပိုင်း၊ ရောင်ခြယ် မော်လီကျူး ဘယ်လောက်ရှိလဲ၊ ရောင်ခြယ်ပစ္စည်းဟာ ဆဲလ်အတွင်းမှာ အစုအဝေးရှိမရှိ ဒါမှမဟုတ် ဆိုက်တိုပလတ်စမ်တစ်ခွင်ကို ပျံ့နှံ့နေလား စတာမျိုးတွေကို ကြည့်ပြီး ဆုံးဖြတ်ရပါတယ်။

သင့်ရဲ့ရွှေငါးကို ညဘက်မှာ အမှောင်ထဲ ထားထားရင် မနက်မီးဖွင့်တဲ့အခါ အနည်းငယ် အရောင်ဖျော့သွားပုံပေါ်နေတာကို သတိပြုမိနိုင်ပါတယ်။ အိမ်ထဲမှာ အလင်းရောင်စုံလင်စွာမရှိပဲ ထားထားတဲ့ ရွှေငါးတွေထက် အပြင်မှာ သဘာ၀အလင်းရောင်ကိုအပြည့်အ၀ရရှိတဲ့ ရွှေငါးတွေဟာ ပိုမိုအရောင်တောက်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ သင်ရဲ့ရွှေငါးကို အမှောင်ထဲအမြဲတမ်းထားထားမယ်ဆိုရင် Chromatophores များဟာ ရောင်ခြယ်ပစ္စည်း ပိုမထုတ်နိုင်တော့ဘဲ ဆဲလ်အသစ်များဟာလည်း ရောင်ခြယ်ပစ္စည်းထုတ်လုပ်ဖို့ လှုံ့ဆော်ခြင်းမရှိတော့ပါဘူး။ ဒါကြောင့် အရောင်ရှိပြီးသား Chromatophores များဟာ အရောင်မှိန်လာတာနှင့်အမျှ ငါးရဲ့အရောင်ဟာ မှိန်သွားမှာဖြစ်ပါတယ်။


ဒါပေမယ့်လည်း သင့်ရွှေငါးက ဖြူသွားမှာမဟုတ်ပါဘူး။ အကြောင်းကတော့ အမှောင်ထဲမှာ ထားတဲ့အခါ ငါးဟာ သူတို့စားတဲ့ အစားအစာများမှ အရောင်အသွေး အချို့ရနေတာကြောင့်ပါပဲ။ ပုစွန်၊ စပီရူလိုင်းနားနှင့် ငါးအစာများမှာ သဘာဝအတိုင်း ကာရိုတီးနွိုက်လို့ခေါ်တဲ့ ဆိုးဆေးများပါရှိပါတယ်။ အဲ့ဒီအပြင် ငါး အစာအများအပြားမှာ ငါးရဲ့အရောင်ကို မြှင့်တင်ဖို့အတွက် ရောင်ခြယ်ပစ္စည်းတစ်ခုဖြစ်တဲ့ canthaxanthin ပါရှိပါတယ်။ သင့်ရဲ့ရွှေငါးလေးကို အရောင်မဖျော့စေချင်ဘူးဆိုရင်တော့ အမှောင်ထဲမှာ အကြာကြီးမထားပါနဲ့နော်။

သတင်း အရင်းအမြစ်៖ thoughtco