ဝင်းဝါနေတဲ့ ရွှေဝါရောင်အသားအရည် နှင့် လှပတဲ့ မျက်လုံးတွေကြောင့် လူသားတွေရဲ့ရာဇဝင်တွေထဲမှာတောင် ခိုင်းနှိုင်ခြင်းခံရတဲ့ သမင်လေးတွေဟာ ကမ္ဘာပေါ်မှာ ချစ်စရာကောင်းတဲ့ တိရစ္ဆာန်တွေထဲမှာ ပါဝင်ကြပါတယ်။ သမင်တွေမှာလည်း အခြားတိရစ္ဆာန်နည်းတူ မြီးဖြူသမင်၊ ပျားသမင်၊ မြီးနက်သမင်၊ ဆတ်၊ ဝင်ရိုးသမင်၊ မြေလွတ်သမင်နှင့် Moose ဆိုပြီး မျိုးစိတ်ကွဲများ ရှိကြပါတယ်။

သမင်အားလုံးမှာ သွား ၃၂ ချောင်းထိရှိကြသလို ခြေဖဝါးမှာ ခြေချောင်းလေးချောင်းပါရှိပါတယ်။ အံ့သြစရာက သမင်တွေရဲ့ အသည်းများမှာ သည်းခြေအိတ်များမရှိကြပါဘူး။ ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်တွေကို သေစေနိုင်တဲ့ အသီးအရွက်မှန်သမျှကို စားနိုင်ကြပါတယ်။


ဘာကြောင့်လဲဆိုတော့ သည်းခြေအိတ်မရှိတာကြောင့် အဆီများကို ချေဖျက်ဖို့ အသည်းက အလွယ်တကူ စီမံခန့်ခွဲပေးပြီး အပင်များရဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးလို့ပါ။ ဒါကြောင့် သည်းခြေရည်ကို အမြောက်အမြား သိမ်းဆည်းရန် မလိုအပ်တာ ဖြစ်ပါတယ်။

ပြီးတော့ သမင်တစ်ကောင်ရဲ့ မျက်လုံးက အလွန်ကြီးမားပြီး ဦးခေါင်းနှစ်ဖက်မှာ ရှိနေတာကြောင့် ၃၁၀ ဒီဂရီ အမြင်အာရုံကို ရရှိကြပါတယ်။ သူတို့ရဲ့ အမွှေးအမျှင်တွေကတော့ ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ တောက်ပတဲ့ ရွှေဝါရောင် အရေပြားမှာ pilo erector ဆိုတဲ့ ကြွက်သားများရှိကြပါတယ်။ သမင်အမများရဲ့ ကိုယ်ဝန်လွယ်ထားချိန်က ၁၉၉ ရက် ၂၀၁ ရက် ကြာမြင့်ကြပါတယ်။

သတင်း အရင်းအမြစ်៖ Source - springcreekoutdoors





