ရေဘဝဲများဟာ သူတို့ရဲ့သားကောင်ကို မစားမီ လက်တွေကိုသုံးပြီး လျက်ကာ အရသာခံနိုင်ကြပါတယ်တဲ့။ သူတို့ရဲ့ ဒီလက် ၈ ချောင်းဟာ လျှာလိုမျိုးဖြစ်နေပြီး ဦးနှောက်နဲ့ချိတ်ဆက်ထားကြတာပါ။ သူတို့ရဲ့ တကယ့်လျှာက အရသာမခံနိုင်ကြပါဘူး။

ဒီလိုမျိုးသူတို့ရဲ့လက်နဲ့ အရသာခံနိုင်ကြတာမို့ တိရစ္ဆာန်တွေက စားလို့ကောင်းလား ဒါမှမဟုတ် အဆိပ်သင့်လား ဆုံးဖြတ်နိုင်စေတယ်လို့ Harvard တက္ကသိုလ်က Nicholas Bellono က ပြောပြခဲ့ပါတယ်။ ရေဘဝဲတွေဟာ ရေထဲကကျောက်တုံးတွေကြားမှာ သူတို့ရဲ့ လက်တွေကိုထည့်ပြီး သားကောင်တွေကို မျက်စိမှိတ်ပြီး အမဲလိုက်ရသလိုမျိုးမို့ ဒီနည်းလမ်းက အဆင်ပြေလှပါတယ်။ ဒါမှသူတို့ပါးစပ်ထဲမရောက်ခင် အဆိပ်ရှိမရှိသိနိုင်ကြမှာပါ။


ရေဘဝဲများ အပါအဝင် ရေနေသတ္တဝါ အများအပြားမှာ ရေမှာပျော်ဝင်နိုင်တဲ့ ဓာတုပစ္စည်းများကို ရှာဖွေတွေ့ရှိနိုင်တဲ့ အနံ့ခံ အင်္ဂါများရှိကြပါတယ်။ အချို့သတ္တဝါတွေအတွက်ကတော့ ဒီအာရုံဟာ အားနည်းနေတတ်ပါတယ်။ ရေဘဝဲများဟာ Radula လို့ခေါ်တဲ့ ပါးစပ်အတွင်း လျှာနှင့်တူတဲ့ အင်္ဂါတစ်ခု ပိုင်ဆိုင်ပါတယ်။ ဒါဟာသားကောင်များကို အထူးသခြင့် ခရုများကို ဖြတ်ပြီးခြစ်ပေးပါတယ်။ ဒါပေမယ့် အရသာခံနိုင်စွမ်းမရှိပါဘူး။ Radula ဟာ “သွားများနှင့်တူတယ်” လို့ Bellono ကပြောပြခဲ့ဖူးပါတယ်။

သတင်း အရင်းအမြစ်៖ New scientist





