ဖျံတွေ ရေထဲမှာ ဘာကြောင့် လက်ကိုင်ပြီး အိပ်ကြတာလဲ...?

//s9.kh1.co/31/31cab90280c8f125fb63d14faefe3944fe2df104.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-အောက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဖျံတွေ ရေထဲမှာ ဘာကြောင့် လက်ကိုင်ပြီး အိပ်ကြတာလဲ...?


ရေဘုရင်လို့တောင် တင်စားခြင်းခံရတဲ့ ပင်လယ်ဖျံတွေဟာ ရေထဲမှာ ပက်လက်လန်ပြီး အိပ်စက်အနားယူတတ်ကြတဲ့ တစ်ခုတည်းသော တိရစ္ဆာန်ဆိုတာကို အားလုံးသိကြမှာပါ။  ဒါပေမယ့် သူတို့ ရေထဲမှာ အိပ်ပျော်နေချိန် တစ်ကောင်နဲ့ တစ်ကောင် ဘာကြောင့် လက်ကိုင်ပြီး အိပ်ရတာလဲဆိုတာကတော့ သိတဲ့သူခပ်ရှားရှားပါ။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဖျံတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ လေ့လာချက်မှာ ပင်လယ်ဖျံများဟာ ရေထဲမှာ အိပ်ပျော်နေချိန်  ဟိုးအဝေးကြီးကို မပျံ့လွင့်သွားအောင် တစ်ကောင်နဲ့ တစ်ကောင် လက်တွေ ဆုပ်ကိုင်ထားကြတာလို့ ဆိုပါတယ်။ ပြီးတော့ လက်ကိုင်ထားရတဲ့ အကြောင်းအရင်း နောက်ထက်တစ်ခုကတော့  အိပ်ပျော်နေတဲ့အချိန် သူတို့ရဲ့ အိမ်ထောင်ဖက်အမျိုးသမီးတွေကို အခြားအထီးတွေနဲ့ ပါသွားမှာကိုလည်း ဆိုးရိမ်ကြလို့ပါ။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒါက အိမ်ထောင်ဖက်ရှာတဲ့အခါ ဖျံအထီးတွေကြားမှာ ပြိုင်ဆိုင်မှု တစ်ခုလို့ ပြောလို့ ရပါတယ်။ တတိယအကြောင်းရင်းကတော့ သူတို့လက်ထဲမှာရှိတဲ့ သားကောင်တွေနဲ့  မုဆိုးတွေလက်ကနေ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ပါပဲ။ ဖျံတွေမှာ သီးခြားအိပ်စရာနေရာမရှိပေမယ့် သူတို့အတွက် ဘေးကင်းမဲ့ နေရာကိုပဲ ရှာကြပါတယ်။ သူတို့က ရေထဲမှာ ပက်လက်အိပ်ကြသလို ကုန်းပေါ်မှာလည်း အိပ်နိုင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - northamericannature.


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T