ဒဏ္ဍာရီတွေအရ နတ်ဘုရားတစ်ပါးကနေ ဆင်းသက်လာတယ်ဆိုတဲ့ ရေနေသတ္တဝါ

//s9.kh1.co/7e/7e73b07547bfe384a8484b27649cf317f59f6cd6.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-အောက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

သူဟာ ဆုံးရှုံးသွားတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်လည် ထုတ်ပေးနိုင်ပါတယ်တဲ့.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဒီဇာတ်လမ်းဟာ Aztec တွေရဲ့ God of death and lightning, the Xolotl နဲ့ စတာပါ။ ဒဏ္ဍာရီတွေအရတော့ သူဟာ နေနတ်ဘုရားကို စောင့်ကြပ်ပြီး ညတိုင်း ဝိညာဉ်တွေကို မရဏကမ္ဘာဆီ ပို့ဆောင်ပေးခဲ့တဲ့ ခွေးတစ်ကောင်ဖြစ်ပါတယ်။ တစ်နေ့မှာ God ဟာ အသစ်ဖန်တီးထားတဲ့ နေအတွက် တစ်ယောက်ပြီးတစ်ယောက် စတေးချိန်မှာ ပြောင်းလဲနိုင်စွမ်းရှိတဲ့ နတ်ဘုရား Xolotl ဟာ သူ့ကိုယ်သူ ပုတ်သင်တစ်ကောင်အဖြစ် ပြောင်းလဲခြင်းဖြင့် သေခြင်းမှလွတ်မြောက်နိုင်ခဲ့ပါတယ်တဲ့။ ပြီးတော့ အဲဒီသတ္တဝါကို ယနေ့ချိန်မှာ axolotl (ရေပုတ်သင်) လို့ ခေါ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/9f/9f0ccac96ef7a8db9835819fb12757aaf8968d72.jpg
https://s9.kh1.co/__image/w=636,h=631,q=100/30/30ccab55f184aebd151de6b90f6831fe81417b6b.webp

ရှေးခေတ် Aztec ဘာသာစကားအရ 'Axolotl' ဟာ "ရေသတ္တဝါ" လို့ ဘာသာပြန်ဆိုထားပြီး ဒီသတ္တဝါများဟာ အသက်ရှုဖို့ ချစ်စရာကောင်းတဲ့ အမွေးပါးဟက်များကို အသုံးပြုကာ ရေအောက်မှာ နေထိုင်ကြပါတယ်။ မက္ကဆီကိုအလယ်ပိုင်းရှိ သူတို့ရဲ့ တစ်ခုတည်းသော သဘာဝနေရပ်များမှ မျိုးသုဉ်းလုနီးဖြစ်‌နေပြီး ဒီသတ္တဝါများကို ယခုအခါမှာတော့ အခြားနေရာများထက် ဓာတ်ခွဲခန်းများမှာ ပိုမိုတွေ့ရှိလာရပါတယ်။ ဘာကြောင့်လဲဆိုတော့ axolotl ဟာ သိပ္ပံပညာအသိုင်းအဝိုင်းကို ဆယ်စုနှစ်များစွာ တုန်လှုပ်ချောက်ချားစေတဲ့ ထူးခြားတဲ့ စွမ်းရှည်ရှိ‌နေလို့ပါပဲ။ ဒီစွမ်းရည်ဟာ သဘာဝရဲ့ အမိုက်ဆုံးသတ္တဝါများထဲက စွမ်းရည် တစ်ခုလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f8/f8fe890528adc17d9a080ad26a0127353457cc04.webp
https://s9.kh1.co/__image/w=650,h=341,q=100/55/554b2a21c13220f8f681bb89d1e1d98d6e210323.jpg

သူတို့တွေက ချစ်ဖို့ကောင်းတာတစ်ခုတည်း မဟုတ်ပါဘူး။ Axolotl ဟာ ဆုံးရှုံးသွားတဲ့ ခြေလက်အင်္ဂါများနဲ့ ခန္ဓာကိုယ်အင်္ဂါများကို ပြန်လည် ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ သူတို့ရဲ့ အင်္ဂါအစိတ်အပိုင်းအကုန်လုံးနီးပါးကို ပြန်လည်အသစ် ထုတ်ပေးနိုင်တာပါ။ ဒီမက္ကဆီကို လမ်းလျှောက်ငါးများဟာ တူညီတဲ့ ကိုယ်လက်အင်္ဂါကို ၅ ဆအထိ ပြန်လည်ရှင်သန်နိုင်ပြီး သူ့ရဲ့ ဦးနှောက်အစိတ်အပိုင်းများကိုပင် ပြန်လည်ထုတ်လုပ်နိုင်ပါတယ်တဲ့။ ဒီဟာကြောင့်ပဲ သူတို့တွေဟာ ဓာတ်ခွဲခန်းထဲ ရောက်နေကြတာပါ။ ဒဏ္ဍာရီထဲကလို နတ်ဘုရားတစ်ယောက်ကနေ ဆင်းသက်လာသလားပါပဲ။

https://s9.kh1.co/__image/w=650,h=434,q=100/60/6087e801fb4d865c01a8b92a39196818c9638721.jpg

သတင်း အရင်းအမြစ်Business Insider

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T