ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံး တိရစ္ဆာန်ဟာ အရှည် 2 စင်တီမီတာမျှသာရှိတဲ့ ပုစွန်တစ်ကောင်ဖြစ်ပါတယ်။ Pistol Shrimp ဟာ Corncode ရဲ့ sonic boom ထက် ပိုမိုကျယ်လောင်တဲ့ အသံထွက်ပေါက်ကွဲမှုကို ဖြစ်ပေါ်စေဖို့အတွက် ပူဖောင်းတစ်ခုကို ဖန်တီးနိုင်ပါတယ်။ ရှော့ခ်လှိုင်းဟာ သေနတ်သံထက် 230 decibels အထိ ကျယ်လောင်နိုင်ပါတယ်။


စက္ကန့်ပိုင်းမျှကြာအောင် ပွက်ပွက်ဆူနေတဲ့ ပူဖောင်းဟာ အပူချိန် 4,400 ဒီဂရီစင်တီဂရိတ်မှာ နေ လိုမျိုး ပူပြင်းတဲ့ အပူချိန်ကို ထုတ်ပေးပြီး သားကောင်များကို သေစေပါတယ်။ သူတို့ရဲ့ အဓိကလက်နက်က သူတို့လက်ပဲဖြစ်ပါတယ်။ ပုစွန်တစ်ကောင်ဟာ သူ့လက်ကို လက်ဖြောင့်တီးပြီး ပစ်ခတ်တဲ့အခါမှာ ရေအောက်ပူဖောင်းများ ပေါက်ကွဲပြီး အဲ့ကနေ တစ်ဆင့် ပြင်းထန်တဲ့ အလင်း၊ အပူနှင့် အသံတို့ကို ထုတ်လွှတ် ပေးနိုင်ပါတယ်။ ဒီတုံ့ပြန်မှုဟာ သဘာ၀လောကထဲမှာ စွဲမက်ဖွယ်အကောင်းဆုံး ဖြစ်စဉ်များထဲမှ တစ်ခုဖြစ်ပါတယ်။


အရွယ်အစားသေးငယ်ပေမယ့်လည်း သူ့ရဲ့လက်များကို တစ်နာရီ ၉၇ ကီလိုမီတာ အမြန်နှုန်းဖြင့် ရွေ့လျားနိုင်ပါတယ်။ သူတို့ရဲ့ လက်ကနေပစ်လိုက်တဲ့ ပူဖောင်းဟာ တော်တော်ကိုအားပြင်းပါတယ်။ သူတို့ကို အမဲလိုက်တဲ့ ငါးတွေ တခြားအကောင်တွေဟာ အရင်ဆုံး သူတို့ရဲ့ အသိုက်ထဲကို ၀င်ရပါတယ်။ အဲ့ခါမှာ ၀င်လာတဲ့အကောင်ဟာ သူတို့ရဲ့ လက်ကနေပစ်လိုက်တဲ့ ပူဖောင်းကြောင့် သေသွားပါလိမ့်မယ်။
သတင်း အရင်းအမြစ်៖ Opera News