ဝင်ရိုးစွန်း ဝက်ဝံလို့တောင်ခေါ်ကြတဲ့ ပိုလာဝက်ဝံတွေဟာ အာတိတ်ရေခဲပင်လယ်ပြင်မှာ ထူးထူးခြားခြား ရှင်သန်ကျက်စားတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ သာမန်ဝက်ဝံတွေနဲ့ တူကြပေမယ့် သူတို့မှာ လှပတဲ့ အဖြူရောင်အမွေးတွေရှိခြင်းက ပိုပြီး ထူးခြားစေခဲ့ပါတယ်။

ဒီအဖြူရောင်အမွေးတွေက သူတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာလည်း အထောက်အကူ ပြုတာတော့ အမှန်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်ရံ သားကောင်တွေအတွက် ဆီးနှင်းများနှင့် ထင်ယောင်ထင်မှား ဖြစ်စေလို့ပါ။

ပိုပြီး စိတ်ဝင်စားစရာက ပိုလာဝက်ဝံတွေရဲ့ အရောင်က အဖြူရောင်မဟုတ်ပါဘူး။ ပညာရှင်တွေရဲ့ လေ့လာချက်အရ ပိုလာဝက်ဝံတွေရဲ့ အမွေးက အဖြူရောင်ဖြစ်တာ မှန်ပေမယ့် သူတို့ အရေပြားက အမှန်တကယ် အနက်ရောင်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ထူထပ်တဲ့ အဆီများရှိတဲ့အပြင် အနွေးဓာတ်ကို ရရှိစေတဲ့ အလွှာနှစ်ထပ်လည်းရှိပါတယ်။ ဒါကြောင့်လည်း အေးခဲနေတဲ့ အာတိတ်ရေခဲ့ပင်လယ်မှာ နေထိုင်ကျက်စားနိုင်ကြတာ ဖြစ်ပါတယ်။

ပိုလာဝက်ဝံတွေက အသားစားတဲ့ ဝက်ဝံတွေဖြစ်တာကြောင့် သူတို့ ရှင်သန်ဖိုဆိုရင် အဆီပမာဏလိုအပ်လို့ ကွင်းစပ်ဖျံများကို အဓိက အမဲလိုက်ကြပါတယ်။ သူတို့ အမဲလိုက်တာကတော့ စိတ်ဝင်စားစရာပါ။ အမဲလိုက်ရာမှာ ဘုံနည်းလမ်းဖြစ်တဲ့ အသက်ရှုပေါက်တစ်ပေါက်တည်းတာ ထားပြီး သားကောင်တွေကို ရက်ပေါင်းများစွာ စောင့်ဆိုင်းဖမ်းယူကြတာ ဖြစ်ပါတယ်။

အမဲတစ်ခါလိုက်ရင် ဖျံ ဆယ်ကောင် မှ နှစ်ကောင်အထိ ဖမ်းနိုင်ကြပါတယ်။ ဒီလို အမဲလိုက်ခြင်းနဲ့ပဲ သူတို့ရဲ့ ဘဝရှင်သန်မှုကို အာတိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေခဲပြင်ပေါ်မှာ ကုန်ဆုံးကြတာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - worldwildlife