ခွေးများဟာ စွန့်ပစ်ထားတဲ့ ကြောင်ကလေးများကို ပြုစုစောင့်ရှောက်နိုင်ပြီး လင်းပိုင်များက မိဘမဲ့ကလေးငယ်များကို ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။ အဲ့ဒီလိုပဲ ရှဉ့်တွေဟာလည်း ပြုစုပျိုထောင်းပေးနိုင်ပါတယ်။ မိဘမဲ့ရှဉ့်လေးတွေကို မွေးစားတတ်ကြတာပါ။

အမေရိကန် ရှဉ့်နီတွေဟာ လူမှုရေးကောင်းတဲ့ တိရစ္ဆာန်တွေတော့ မဟုတ်ပါဘူး။ တကယ်တော့ ဒီနို့တိုက်သတ္တဝါလေးတွေဟာ တစ်ယောက်တည်းနေရတာကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် သူတို့မှာ ကလေးရှိလာရင်တော့ သူမဟာ နယ်မြေသစ်ကို မပြောင်းမီ ၁၈ ပတ်ခန့် ကလေးကို ပြုစုစောင့်ရှောက်ပေးပါတယ်။ University of Guelph နှင့် Alberta တက္ကသိုလ်မှ သုတေသီများက ရှားရှားပါးပါး ကိစ္စများမှာ ရှဥ့်နီများဟာ မိဘမဲ့ သားပေါက်ကလေးများကို မွေးစားနိုင်တယ်လို့ ပြောပြခဲ့ပါတယ်။


ဒါပေမယ့် ဒါဟာ တူမများ၊ တူများ၊ မွေးချင်းများ သို့မဟုတ် မြေးများနှင့်သာ ဖြစ်ပွားတတ်ပါတယ်။ အမျိုးမတော်ရင် မမွေးစားတတ်ပါဘူး။ နီးစပ်ရာဆွေမျိုးများကြားမှာ မွေးစားခြင်းကို အမြဲပြုလုပ်လေ့ရှိပြီး အမျိုးမဝောာ်တဲ့ မိဘမဲ့ရှဥ့်များကို မွေးစားခြင်းမပြုပါဘူး။ ရှဉ်တွေက ကလေးရဲ့ အော်သံကိုနားထောင်ပြီး သူတို့အမျိုးဆိုရင် သူမရဲ့ အသိုက်ကို ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ The Rainforest Site