နွားတွေမှာ ဘာကြောင့် ရှေ့သွားတွေ မရှိတာလဲ....?

//s9.kh1.co/5b/5b701e49b13c37e4739a8fd3276eebe7c9934db4.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-အောက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

နွားတွေမှာ ဘာကြောင့် ရှေ့သွားတွေ မရှိတာလဲ....?

သင်ဟာ နွားတွေကို  အနီးကပ်အစာကျွေးနေရတဲ့သူ ဒါမှမဟုတ် မွေးထားတဲ့ သူဆိုရင်တော့ နွားတွေမှာ ရှေ့သွားမပါကြတာကို သတိထားသိကြမှာပါ။ လူတော်တော်များများကတော့ နွားတွေမှာ ရှေ့မသွားပါတာကို ယနေ့အချိန်ထိ မသိကြပါဘူး။ ယခုဖော်ပြပေးမှာက နွားတွေမှာ ရှေ့သွား ဘာကြောင့်မပါတာလဲ..။ အစာကို ဘယ်လိုမျိုးဝါးစားကြလဲ ၊ ပြီးတော့ သူတို့မှာ သွားဘယ်နှချောင်းရှိလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။

Photo Credit – From Google
Photo Credit – From Google

ကဲ...ဟုတ်ပါပြီ....နွားတွေမှာ ရှေ့သွားမပါပေမယ့် မေးရိုးရဲ့ အပေါ်ပိုင်းမှာတော့ သွားတွေရှိပါတယ်။ ပညာရှင်တွေရဲ့ လေ့လာချက်မှာ အပေါ်သွားမပါတာဟာ အဲ့ဒီနေရာမှာ ထူထပ်တဲ့ သွားဖုံးတစ်ခု လိုအပ်တာကြောင့် ရှေးသွားများမရှိတာလို့ ဆိုပါတယ်။ မြက် နှင့် ကောက်ရိုးတွေကို စားသောက်‌တဲ့ အခါမှာ ကြမ်းတမ်းတဲ့ လျှာနဲ့ လိမ်ဆွဲယူပြီး အပေါ်သွားဖုံးနှင့် အောက်သွားများကို အသုံးပြုကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

သူတို့က အပေါ်သွားမပါလို့ အကြာကြီးဝါးစားရမယ်လို့တော့ မထင်ပါနဲ့ဦး ။ နွားတွေက အစားကို တော်ရုံမဝါးစားကြဘဲ ကိုက်ပြီးတာနဲ့ လျင်မြန်စာ မျိုချကြလို့ပါ။ ဒါပေမယ့် မြက်ပင်အတွင်းရှိ အစာကြေရခက်တဲ့ cellulose ဒြပ်စင်ကို ချေဖျက်ဖို့အတွက်ဆိုရင်တော့  အာဟာရဓာတ်ကို အံသွားများဖြင့် ဝါးပြီး ယူကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

နွားတွေမှာ သွားဘယ်နှစ်ချောင်းရှိလဲဆိုရင် အရွယ်ရောက်ပြီးတဲ့ နွားတွေမှာ သွား ၃၂ ချေင်းထိရှိပါတယ်။ အောက်ခြေရှိ အရှေ့ဘက်မှာ အံကြိတ် ၈ ခု နှင့်  နောက်ကျောတစ်ဖက်စီမှာ အံသွားခြောက်ချောင်းရှိပါတယ်။ အပေါ်ဘက်ရှိ နောက်ကျောတစ်ဖက်စီမှာ အံသွား ၆ ခုပါရှိပြီး ရှေ့ဘက်ကြားမှာတော့ ထူထပ်တဲ့ သွားဖုံးပဲရှိတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - bestfarmanimals

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T