ခြင်္သေ့ထီးတွေဟာ တောဘုရင်ဆိုပြီး နာမည်ရှိကြသလို မိန်းမကိုလည်း နိုင်တယ်လို့ပြောလို့ရပါတယ်။ ဘာကြောင်လဲဆိုတာကိုလည်း ဖော်ပြလိုက်ပါတယ်။ ခြင်္သေ့တွေအမဲလိုက်တဲ့အခါမှာ ၈၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းထိဟာ ခြင်္သေ့မတွေပဲ အမဲလိုက်ကြတာပါ။ ဟုတ်ပါတယ်၊ ဒါကအမှန်ပါပဲ။ အထီးတွေက အမဲမလိုက်ပဲ ဒီတိုင်အေးဆေးထိုင်စားတတ်ပါတယ်။
ခြင်္သေ့အမတွေ အမဲလိုက်ပြီးနောက် အထီးများဟာ နယ်မြေကို လှည့်ပတ်ကာ အစာကို ကာကွယ်ကြပါတယ်။ ခြင်္သေ့တစ်ကောင်ဟာ တစ်နေ့ကို တစ်နာရီမျှ အမဲလိုက်နိုင်ပါတယ်။ ဒါပေမယ့် ခြင်္သေ့အထီးနှင့် အမတို့ဟာ သူတို့ရဲ့ အမဲလိုက် အောင်မြင်မှုနှုန်းကို ဖြည့်ဆည်းဖို့ သားကောင်ကိုတော့ အတူတကွ လိုက်ရှာကြပါတယ်။
ခြင်္သေ့အမများဟာ များသောအားဖြင့် သူတို့နဲ့ အနီးဆုံးတိရစ္ဆာန်ကို ပစ်မှတ်ထားလေ့ရှိပြီး သူမရဲ့တိုက်ခိုက်မှုဟာ တိုတောင်းပြီး အားကောင်းပါတယ်။ သူတို့က သားကောင်ကို အလျင်အမြန် ဖမ်းဖို့ ကြိုးစားကြတယ်။ ခြင်္သေ့မတွေရဲ့နှလုံးဟာ သူမ ခန္ဓာကိုယ်အလေးချိန်ရဲ့ 0.57% သာရှိပါတယ်။ ဒါကကြောင့် သူတို့ဟာ တိုတိုတုတ်တုတ်နဲ့ လျင်မြန်စွာ ပြေးနိုင်ပြီး တိုက်ခိုက်မှုမစတင်မီ သူတို့ရဲ့ သားကောင်နဲ့ နီးကပ်နေဖို့ လိုအပ်ပါတယ်။ မိန်းမပီပီ စိတ်မြန်လက်မြန်ပါပဲ။
သတင်း အရင်းအမြစ်៖ 2il