အာကာသထဲ ပျံသန်းမှုများမှာ ဘက်တီးရီးယားများနဲ့ အခြားသက်ရှိပုံစံများကို မတော်တဆသယ်ဆောင်သွားမိနိုင်ပေမယ့်လည်း အာကာသထဲကို ရည်ရွယ်ချက်ရှိရှိ စေလွှတ်လိုက်တဲ့ ပထမဆုံး သက်ရှိသတ္တဝါများမှာ သစ်သီးယင်ကောင်များဖြစ်ပါတယ်။ သူတို့ကို ဖေဖော်ဝါရီ ၂၀ ရက် ၁၉၄၇ ခုနှစ် မှာ V2 ဒုံးပျံဖြင့် ပို့ဆောင်ခဲ့ကြတာပါ။

သစ်သီးယင်ကောင်များကို သုတေသနမစ်ရှင်တစ်စိတ်တစ်ပိုင်းအနေဖြင့် New Mexico ရှိ White Sands Missile Range မှလွှတ်တင်ခဲ့ခြင်းဖြစ်ပါတယ်။ အမည်မဖော်လိုတဲ့ ဒုံးပျံဟာ ကမ္ဘာမြေပေါ် လေထီးနဲ့မဆင်းလာမီ လေထဲကို ၆၇ မိုင် ခရီးနှင်ခဲ့ပါတယ်။ NASA ဟာ လက်ရှိမှာ အမြင့်ပေ 66 မိုင် (100 ကီလိုမီတာ) ကို အာကာသထဲ တရားဝင်စတင်၀င်ရောက်တဲ့ နေရာအဖြစ် အသိအမှတ်ပြုထားပါတယ်။ ဒါကြောင့် အသီးအနှံယင်ကောင်များဟာ အာကာသထဲ ရောက်ဖူးတဲ့ ပထမဆုံးတိရစ္ဆာန်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

V2 ဒုံးပျံများဟာ ကမ္ဘာ့ပထမဆုံး တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီက အသုံးပြုခဲ့ပါတယ်။ ဒုံးကျည်များဟာ တစ်နာရီကို မိုင် ၃၅၀၀ နှုန်းဖြင့် ပျံသန်းနိုင်ပြီး မိုင် ၂၀၀ ကျော်အကွာမှ ပစ်မှတ်များကို ပစ်ခတ်နိုင်ပါတယ်။ စစ်ပွဲအပြီးမှာ အမေရိကန်ဟာ အဆိုပါ ဒုံးပျံအများအပြားကို သိမ်းဆည်းခဲ့ပြီး အနာဂတ်အာကာသလွှတ်တင်မှုများအတွက် အခြေခံအုတ်မြစ်ချကာ သုတေသနပြုလုပ်ဖို့ ဒီဒုံပျံတွေကို အသုံးပြုခဲ့ပါတယ်။ V2 ကို ဒီဇိုင်းဆွဲသူ Werher von Braun ဟာ NASA အတွက် Saturn V ဒုံးပျံကို ဒီဇိုင်းဆွဲရာမှာတောင် ပါဝင်ခဲ့ပါတယ်။

ယင်ကောင်များဟာ သူတို့ရဲ့ ကျစ်လစ်တဲ့ အရွယ်အစားကြောင့် ပျံသန်းမှုအတွက် ပြီးပြည့်စုံတဲ့ ခရီးသည်များဖြစ်ပြီး အလေးချိန်အတော်လေး ပေါ့ပါးတာကြောင့် သူတို့ရဲ့ သိုလှောင်မှုကို လွယ်ကူစေပြီး လောင်စာဆီကုန်ဆုံးမှုမှာ ထိန်းပေးနိုင်တာမို့ အဆင်ပြေစွာ အာကာသထဲ ထုတ်လွင့်နိုင်ခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ 2il