ရေမှာ မှတ်ညဏ်ရှိတယ်ဆိုတာ တကယ်လား...

//s9.kh1.co/72/7225fd874978525e7461f3597480d8cdf9349240.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-စက်-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

သိပ္ပံပညာရှင်တွေက‌တော့ယုံကြည်ကြပြီး ဓာတ်ခွဲခန်းထဲမှာ ရေစက်တွေကို..

ကျနော်တိုတစ်တွေဟာနေ့စဉ် ပျှမ်းမျှရေလေးလီတာလောက် သောက်‌သုံးနေကြပြီး ရေချိုးတာ၊ လက်ဆေးတာအဆုံး ရေနဲ့ထိတွေ့နေကြပါတယ်။ ဒါပေမယ့် ကျနော်တို‌နေ့စဥ်ထိတွေ့နေရတဲ့ ရေရဲ့ထူးခြားချက်ကိုတော့သိပ်ပြီး သိကြပုံမရပါဘူး။ လေ့လာတွေ့ရှိချက်အချိုအရ ရေတွေမှာမှတ်ညဏ်ရှိကြပါတယ်။ ဒါကို Water Memory လိုခေါ်ကြပြီး Homeopathic လိုခေါ်တဲ့ကုထုံးနည်းတွေကနေစပြီး ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/ba/ba3aef6c14bf5bfa955bbaefef55184c5ba8067c.png

ယနေ့မှာတော့ဒါကို ယနေ့သိပ္ပံပညာအသိုင်းအဝိုင်းမှာ Physical Chemistry လိုလက်ခံထားကြပါတယ်။ အဆိုပါအယူအဆကို ၁၉၈၈ ခုနှစ်မှာ Jacques Benveniste ကစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ဂျာမန်သိပ္ပံပညာရှင်တွေက‌တော့ယုံကြည်ကြပြီး ဓာတ်ခွဲခန်းထဲမှာ ရေစက်တွေကိုချဲ့ကြည့်တဲ့အခါ တစ်ခုချင်းစီမှာ microscopic တည်ဆောက်ပုံတွေကိုတွေ့ရတယ်လို ဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/4a/4ac0106056a0b8b3088da5b8fca0fcc0a1dae844.png

နောက်ပြီးအဲ့ဒီဂျာမန်သိပ္ပံပညာရှင်တွေပြောတာက ရေဟာသူစီးဆင်းတဲ့လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့သတင်းအချက်အလက်တွေကို စုစည်းသိမ်းဆည်းထားတတ်ပြီး အဲ့ဒီရေကိုသောက်လိုက်တဲ့ လူအချင်းချင်းဆက်သွယ်ပေးနိုင်တယ် လိုယုံကြည်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/08/08b9b4802fcbd9595361943ca82d86a97c0a379c.png

အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းအပါအဝင်နိုင်ငံတွေမှာ ရေကိုဘာသာရေးအရအရေးကြီးတဲ့ အရာတစ်ခုအဖြစ်သုံးကြပါတယ်။ မြန်မာမှာဆို ပဌာန်း၊ ပရိတ်စတဲ့ ဗုဒ္ဓဘာသာအယူအဝါဒအရ အန္တရာယ်ကင်းစေတဲ့ဂါထာတွေ ရွတ်ဖတ်တဲ့အခါ ရေတွေကိုရှေ့မှာချပြီးရွတ်တတ်ကြပါတယ်။

https://s9.kh1.co/__image/w=300,h=168,q=100/4a/4aa632d09a80560175886b7194357e0b2de76fb6.png

ဒါပေမယ့် ရေမှာမှတ်ညဏ် ရှိ၊မရှိဆိုတာကတော့ အခုအချိန်ထိ အငြင်းပွားစရာကိစ္စဖြစ်နေပြီး တိကျတဲ့သိပ္ပံဆိုင်ရာသက်သေတွေမရှိသေးပါဘူး။ ဒါ့ကြောင့်ပဲဒါကို ယုံကြည်တဲ့သူတွေရော မယုံကြည်တဲ့သူတွေရော အများကြီးရှိနေဆဲဖြစ်ပါတယ်။

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T