ဘယ်လိုမြွေတွေက ဥဥကြလဲ...?

//s9.kh1.co/bc/bc13b8f96aad649a1bc39c4288c663faea6e3233.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-စက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဘယ်လိုမြွေတွေက ဥဥကြလဲ...?

မြွေတွေက ဥဥလားဆိုတဲ့ မေးခွန်းကို တချို့တွေက ယခုအချိန်ထိ သုံးနှုန်းနေကြတုန်းပါ။ တကယ်တော့  မြွေအများစုက ဥဥကြပြီး  ဥဥတဲ့ မြွေများကို Oviparous လို့ခေါ်ပါတယ်။ ဒါပေမယ့် ဥဥတဲ့ မြွေတိုင်းလည်း သားမပေါက်ကြပါဘူးဆိုတာ သိထားဖို့လိုပါတယ်။  

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒါဆို ဘယ်လိုမြွေတွေက ဥဥကြသလဲဆိုတာ သင်မေးကောင်းမေးမှာပါ။ သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်တွေအရဆိုရင် ဥဥတဲ့ (Oviparous) မြွေများဟာ ကြောင်မျက်လုံးမြွေနှင့် ကြောင်မြွေ ၊ မြွေဟောက် ၊ ကော်ဖီမြွေ ၊ ကြေးခေါင်း ၊ သန္တာမြွေ ၊ ပြောင်းဖူးမြွေ ၊ သရဖူဆောင်းမြွေ ၊ ကြက်ဥစားမြွေ ၊ သန္တာမြွေအတု ၊ အရိပ်မြွေ ၊ Flathead မြွေ ၊ မြွေပျံ ၊ သစ်တောမြွေ ၊ Pampas မြွေများ၊ ကြက်တူရွေးမြွေ ၊ စပါးအုံးမြွေ ၊ သက်တံ့မြွေ ၊ ကြွက်မြွေ ၊ ကျူမြွေ ၊ မြွေစိမ်းများ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

မြွေတွေက ဘယ်လိုနေရာတွေမှာ ဥဥကြလဲ ...? ။

မြွေတွေဟာ မျိုးအောင်ပြီး နှစ်ပတ် မှ တစ်လအတွင်း သားဥတွေကို ဥဖို့ အဆင်သင့်ဖြစ်ကြပါတယ်။ မျိုးဥချတဲ့ အချိန်ရောက်လာပြီဆိုတာနဲ့ သဲသောင်နေရာများမှာ တွင်းများတူးကြပါတယ်။ မြွေမျိုးစိတ် အများစုကတော့ ဥဥဖို့အတွက် သဘာဝအပေါက်တွေကိုသာ ရှာပြီးအသုံးပြုကြပါတယ်။ သူတို့ ဥဥတတ်တဲ့ နေရာတွေကတော့ သဘာဝတွင်းပေါက်များ ၊ သစ်လုံးအောက်တွေနဲ့ စိုစွတ်တဲ့ မြေဆီလွှာများ အနီးအနားရှိတဲ့ နေရာတွေမှာ တွင်းတူးပြီး ဥချကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

သူတို့ ဥပြီးရင်လည်း အခြားသူတွေ မတွေ့နိုင်အောင် မြေကြီး (သို့မဟုတ်) သစ်ရွက်ခြောက်တွေနဲ့ ဖုံးအုပ်ထားခဲ့ကြပါတယ်။ ဥများပေါက်ဖွားတဲ့ အရေအတွက်ကတော့ မြွေမျိုးစိတ်ပေါ်မူတည်ပါတယ်။ ဥပမာ - Ball Python မြွေတွေဆိုရင် ၁ လုံးမှ ၁၁ လုံးအထိ ပေါက်ကြပြီး အချို့ဥများကတော့ ၁ လုံး (သို့မဟုတ်) ၂ လုံးမျှသာ ပေါက်ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

မြွေတွေက ဘယ်အချိန်မှာ ဥဥကြသလဲ...?

မြွေတွေရဲ့ မျိုးပွားရာသီကလည်း သူတို့ရဲ့ အရွယ်အစား နှင့် မျိုးပွားနိုင်တဲ့ အသက်အရွယ်ပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဥပမာ - အမေရိကန်မှာကျက်စားနေထိုင်ကြတဲ့ မြွေတွေဆိုရင် မျိုးပွားရာသီမှာ မေလ မှ သြဂုတ်လ အထိဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - familylifeshare

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T